အခန်း၃

399 44 0
                                    

Kyung Sooဘဝတလျှောက်နေလာခဲ့တဲ့
နေ့တွေထဲမှာအပျော်ဆုံးနေ့ကိုပြပါ
ဆိုရင်ဒီနေ့ကိုသာပြရလိမ့်မည်။

သူ့ရဲ့အိမ်မက်ကိုအကောင်အထည်
ဖော်ဖို့လမ်းစတွေ့သောနေ့လို
့လည်းပြောလို့ရသည်။

Kyung Soo SMကအရွေးခံရသည်ဆို
သောသတင်းကြောင့်သူအပါအဝင်
အိမ်ကလူတွေလည်းပါးစပ်မစေ့နိုင်ကြ

သူနဲ့ထပ်တူပျော်ရွှင်ပေးကြသည်။ဒါတောင်အခုမှစမလို့ရှိသေးလို့သာ...

သူသာအောင်မြင်သွားလျှင်
သူ့အတွက်ဘယ်လောက်တောင်
ဂုဏ်ယူကြမလဲမသိ။

မိသားစုဆိုတာဒီလိုပါလားဟု
တွေးမိသည်။

သူမက်ခဲ့ရသောအိမ်မက်ရှည်ကြီးကို
ယခုတော့အကောင်အထည်
ဖော်ခွင့်ရပေတော့မည်။

ဒါပေမဲ့သူSMကိုဝင်ခွင့်ရတာ
ကျောင်းကသူငယ်ချင်းတွေကို
ယောင်လို့ပင်မပြောခဲ့။

လူတွေရဲ့အာရုံစိုက်ခံရသည်ကို
သူမကြိုက်ပေ။

ထို့ကြောင့်ဘယ်သူ့ကိုမှအသိမပေးဖြစ်။

ဘာလိုလိုနဲ့Kyung Sooတစ်ယောက်
မနက်ဖြန်ဆိုရင်
SMကိုtraineeဆင်းဖို့
သွားရတော့မည်ဖြစ်၏။

စိတ်ပူတာကတဝက်စိတ်လှုပ်ရှားတာက
တဝက်နဲ့ညဘက်ညဘက်
ကောင်းကောင်းတောင်အိပ်မပျော်ပါ။

အိမ်နဲ့လည်းခွဲရဦးမည်လေ။

အိုမားကတော့ပြောရှာပါတယ်

"ခနလေးပဲသည်းခံပီးကြိုးစားတဲ့အောင်မြင်လာမှာပါ"တဲ့။

ဘာပဲဖြစ်ဖြစ်ကျွန်တော်ကြောက်တယ်...။

----------------------

Kyung Soo SMကိုရောက်တော့
ထင်ထားတာထက်ပိုပီးခက်ခဲခဲ့ပါတယ်။
သူနဲ့တနေ့ထဲဝင်လာတဲ့
Lu Hanဆိုတဲ့တရုတ်လူမျိုးHyung နဲ့သာ
Kyung Sooသိခဲ့တယ်။ကျန်တဲ့လူတေနဲ့လဲသိပ်မသိ။မျက်မှန်းတော့တန်းမိပါရဲ့။
ဒါပေမဲ့Kyung Sooဆိုတာကလည်း
သူများကစကားစမပြောရင်
ယောင်လို့တောင်
ပါးစပ်မဟတဲ့သူဆိုတော့လဲအခက်သား။

SMရောက်ရောက်စကတော့
auditionအောင်တဲ့လူတချို့နဲ
့Kyung Soo hallထဲမှာအိပ်ရတယ်။ဒါပေမဲ့တပတ်လောက်ကြာတော့
မန်နေဂျာက
ကိုယ်နဲ့ဆိုင်ရာဆိုင်ရာ
partnerတွေနဲ့
အခန်းပေးမည်ဟုဆိုလာ၏။
Kyung Sooသက်ပြင်းတွေသာ
အခါခါချနေမိတယ်။သူစိမ်းတွေနဲ့မှသူမဆက်ဆံချင်တာ။

♡ အဆုံးမရှိသော ♡ Where stories live. Discover now