ကျွန်တော်သာ ပန်းလေးတစ်ပွင့် ဖြစ်ခဲ့မယ်ဆိုရင် ...
... ... ... ... ... ... ... ... ... ... ... ... ... ...
* နှုတ်ဆက်ခွဲခွာခြင်းဆိုတဲ့ ဓားသွားမြမြဟာ
အက်ဆစ်မိုးတွေ ရွာချသလို...
မီးတောင်ချော်ရည်ပူတွေ စီးဆင်းလာသလို..
ကာရန်မညီတဲ့ ညည်းချင်းတစ်ပုဒ်အဖြစ်
တေးသီနေလေရဲ့... ။* အထီးကျန်နေတဲ့ စစ်တလင်းမြေ...
ဆွေးလျနေဆဲ ညနေအို...
ကြိုးပြတ်သွားသော ဂစ်တာတစ်လက်...
ငါ့အတွက်တော့ _
အိပ်မက်မဟုတ်တဲ့ အိပ်မက်တစ်ခုပေါ့... ။* ရူးသွပ်မှုပေါင်းများစွာနဲ့
ငါ့ရင်ခွင်တစ်ခုလုံး
ရင်ခုန်သံတွေ ပျက်သုန်းသွားသည်အထိ
ချစ်တတ်သော ဒီလူသား...
မင်းအတွက် ထာဝရရှိနေမှာ... ။* အဲ့ဒီ နေ့ရက်လေးတွေဟာ
ဂန္တ၀င်ပုံပြင်တစ်ပုဒ်ထဲက
ဇာတ်ဝင်ခန်းတွေ မဟုတ်ခဲ့ပေမယ့်...
ပန်းဝတ်လွှာပုရပိုဒ်ပေါ် ရေးစီခြယ်
နှလုံးသားပြတိုက်ထဲမှာ
သော့ခတ်ကာ သိမ်းထားပါရစေလေ... ။* တိတ်ဆိတ်ခြင်းတွေ ကြီးစိုးနေတဲ့
လမိုက်ညပေါင်းများစွာ
ရင်နင့်စွာ ပျိုးကျဲ...
ဒီလူငယ်တစ်ယောက်အတွက်
အလွမ်းဆိုတဲ့ အရသာ...
တစ်ဘ၀စာ ပေးသနားခဲ့ပါ ... ... ...။
... ... ... ... ... .... ... ... ... ... ... ... .... ... ... ....တောင်ပြန်လေတို့ အဆက်မပြတ် တိုက်ခတ်လာခြင်းနဲ့အတူ ... တိမ်စိုင်မည်းမည်းတို့ကပါ လိုက်ပါလာချေပြီ.....။
ပြတင်းပေါက်မှနေပြီး ဟိုးအဝေးဆီမှ တောင်တန်းပြာကြီးဆီသို့ ... မကြာခဏဆိုသလို မှန်းမျှော် ကြည့်နေမိတော့၏...။
တောင်တန်းပြာကြီးရဲ့ ဟိုဘက်ဆီ... ရှေ့တန်းတစ်နေရာမှ မောင်တစ်ယောက် ... မိုးမိနေရှာရောမလား ...
ချမ်းနေလေရော့မလား ... ...ကြည်လင်နေသော ကောင်းကင်ပြာကြီးသည် တိမ်ရိပ်မည်းတို့ကြောင့် ရုတ်ချည်း မည်းမှောင် သွားလေတော့သည်.. ။