လန်ဒန်မြို့ရဲ့ နေအလင်းမထွက်သေးတဲ့အချိန်။
မနက် 4 နာရီခန့်.....။Baekhyun:::::: ဟူး...... ဒီတစ်လမ်းပြီးရင်တော့ ပြီးပါပြီ။ ဒါပြီးရင်တော့ နွားနို့ လိုက်မပို့သေးခင် အမေ့အတွက် ဆေးနဲ့မုန့် ဝယ်ပြီး ဝင်ထားပေးမှပါ။
နှင်းဖုံးနေတဲ့ လမ်းကြိုလမ်းကြားအချို့မှာ ချစ်စဖွယ်ကောင်လေးတစ်ယောက် တချောက်ချောက်မြည်နေတဲ့ စက်ဘီးအိုလေးတစ်စင်းနဲ့
နေ့စဉ်သတင်းစာတွေကို လိုက်ပို့နေတယ်။အဆက်မပြတ်ကျဆင်းနေတဲ့ နှင်းထုကြားမှာ
တစ်လှမ်းနဲ့တစ်လှမ်းကြား အားခဲလျှောက်နေပေမယ့် အမေ့အတွက်ဆိုတဲ့ အားအင်တွေပြည့်နေလို့ ထူးခြားပြီးပင်ပန်းမှူမဖြစ်ဘူး။"Hey... Baekhyun... you are very hardworking "
Baekhyun နဲ့ ရင်းရင်းနှီးနှီး သိတဲ့ စမစ်ဆိုတဲ့ ဦးလေးကြီးက နှုတ်ဆက်ပြီး သူ့ဆေးဆိုင်က baek ဝယ်နေကျ ဆေးအချို့ထုတ်ပေးတယ်။
Baek::::: Thank you Mr.smith
Baek ပြန်နှုတ်ဆက်လိုက်ပြီး စက်ဘီးကို သူ့အိမ်ဆီ ဦးတည်လိုက်တယ် ။ အိမ်နားမရောက်ခင်မှာပဲ ဦးခေါင်းအထက်စီက နာကျင်မှုနဲ့ ပူနွေးမှုကို ခံစားလိုက်ရပြီး အမှောင်ကျသွားပါတော့တယ်။
💢💢💢💢💢💢💢💢💢💢💢💢💢💢Baekhyun နိုးလာလာချင်းခံစားလိုက်ရတာက ကျောအောက်က အေးစက်ပြီးမာကျောတဲ့ အရာတစ်ခု ။ အာခေါင်ထဲက စူးရှရှအက်ကွဲမှုနဲ့ ခေါင်းစီက မူးနောက်မှူ။
ထထိုင်လိုက်ပြီး အလင်းရောင်တစ်ချို့ဖြာကျနေတဲ့ နံရံပေါ်ကအပေါက်သေးသေးလေးကို ကပ်ပြီး အကူအညီရလိုရငြား
တောင်းဆိုမိတယိ။Baekhyun::::: ဘယ်....ဘယ်သူရှိလဲ? ကျ...ကျွန်တော့်ကို.....ကယ်ကြပါ.....ဘယ်သူ....ရှိလဲ.....ကျွန်တော့်ကို....ကယ်ကြပါ။
တုံ့ပြန်သူမရှိတဲ့အပြင် ရေငတ်တဲ့ဒဏ်ကပါ ပိုမိုဆိုးရွားလာသည်မို့ အားလျော့လိုက်မိတုန်း
ထိုအပေါက်လေးကနေပဲ ရေစီးကြောင်းအချို့ လျှံကျလာတယ်။
YOU ARE READING
iLL-TimEd
FanfictionChanBaek , HunHan (yaoi) Byun Baek Hyun:::::အမြဲ သူတစ်ပါးအတွက်ပဲ ဖြည့်ဆည်းပေးခဲ့ရတဲ့ ဒီခန္ဓာက သူ့ကိုချစ်ခွင့်တော့ ရှိပါရဲ့နော်။ Park Chan Yeol:::::: hyun ကိုယ့်တစ်ယောက်တည်းကို ယုံကြည်ပြီး လိုက်ခဲ့ပေးလို့ရမလား။ ကြယ်တွေကို မခူးဆွတ်...