အလင်းရောင်တစ်စက်မှ မဝင်တဲ့ အခန်းကျယ်ကြီးကနှစ်ချို့ ပင့်ကူတွေ၊ ပိုးကောင်တွေနဲ့ စက်ဆုပ်ဖွယ်အတိ။ ပင့်ကူမျှင်တွေနဲ့ မျက်နှာကျက်ပေါ်က တစ်ခုတည်းသော ဝါကျင်ကျင်မီးလုံးလေးဟာ ဂိုထောင်လား စတိုခန်းလားမသဲကွဲတဲ့ အခန်းကြီးထဲက ပရိဘောဂပျက်တွေပေါ် ကျရောက်နေသည်။
အခန်းလယ်မှာတော့ နဂိုအရာင်တောင်မပေါ်တော့တဲ့ အင်္ကျီခပ်နွမ်းနွမ်းကို ဝတ်ဆင်ထားတဲ့ ဆယ်နှစ်အရွယ်ကောင်လေးတစ်ယောက်ရှိသည်။
Baekhyun::::ဟိုလူကြီးကလည်း ထွက်သွားလိုက်တာ ပြန်မလာသေးဘူးဆိုတော့ ငါအလုပ်မလုပ်တော့ပဲ ထွက်ပေါက်ရှာကြည့်ရမယ်။ ...ဟွန့် ... ဘာလို့လုပ်ရမှာလဲ။Baekhyun က သူကိုင်ထားတဲ့ အဝတ်စုတ်ကို ပစ်ချလိုက်ပြီး အခန်းတံခါးဖွင့်ကြည့်လိုက်သည်။ အခန်းထဲနဲ့ အလားတူ အရာအားလုံးဟာ မှောင်မိုက်နေသည်။ အုပ်စိုင်းစိုင်းဖြစ်နေတဲ့ သစ်ပင်ကြီးတွေက တောအုပ်ကြီးထဲရောက်နေသကဲ့သို့။ Baekhyun တစ်လှမ်းချင်းလျှောက်လာတုန်း သူ့ရှေ့မှာ မြင်လိုက်ရတာက အစွယ်တဖွေးဖွေး ခွေးကြီးနှစ်ကောင်။
"""ဝုတ်....ဝုတ်....ဂရား....ဂူး...အဝူးးးးးးးးးး"""
ဟောင်သံတစ်ချို့က ကြောက်မက်ဖွယ်ထွက်လာသည်။ Baekhyun သူ့နားကို တိုးလာတဲ့ ခွေးကြီးတွေကို ကြက်သေသေပြီးကြည့်နေရင်း ခြေလှမ်းတွေကို နောက်ကို တစ်ဖြည်းဖြည်းဆုတ်လာသည်။
""""""အားးးးးးးးး...."""""
ခုန်အုပ်လာတဲ့ ခွေးကြီးတွေရဲ့ မာန်ဖီသံကို ဆယ်နှစ်အရွယ်ကောင်လေးအသံက ဘယ်လောက်များတိုးပေါက်နိုင်မှာလဲ။
လက်သည်းတွေနဲ့ ကုတ်ဆွဲမှုတို့ကြား Baekhyun အသားတို့ နာကျင်နေကာ သွေးတို့်လည်း နေရာအနှံ့အပြားမှစီးကျနေသည်။
လူးလိမ့်နေရင်း အနားမှ တုတ်တစ်ချောင်းကို မပွင့်တပွင့်မျက်လုံးများအကြားမှတွေ့လိုက်သည်မို့ ဆွဲယူကာ မိမိခေါင်းကို ကိုက်ခဲနေသည့် ခွေးနက်ကြီးအားရိုက်ချလိုက်သည်။
ကပ်လျက်ပါနေသည့် သံဆွေးဆွေးတစ်ချောင်းက ကံအားလျော်စွာပင် ချက်ကောင်းထိသွားပုံရသည်မို့ နောက်အနည်းငယ်ဆုတ်ကာ လဲကျသွားလေသည်။
အခြားခွေးသည်လည်း ကိုက်ခဲမှုတို့ရပ်တန့်သွားပြီး Baekhyun ကို ခပ်စိန်းစိန်းစိုက်ကြည့်နေလေသည်။ အသိစိတ်တို့ လွင့်ပျယ်မသွားမီ နောက်ဆုံးတွေ့လိုက်ရသည်က မိမိကို စိုက်ကြည့်နေရင်း ထိတ်လန့်ဖွယ်ပြုံးနေသည့်အခြားယောကျာင်္းလေးတစ်ယောက်အား....။
ESTÁS LEYENDO
iLL-TimEd
FanficChanBaek , HunHan (yaoi) Byun Baek Hyun:::::အမြဲ သူတစ်ပါးအတွက်ပဲ ဖြည့်ဆည်းပေးခဲ့ရတဲ့ ဒီခန္ဓာက သူ့ကိုချစ်ခွင့်တော့ ရှိပါရဲ့နော်။ Park Chan Yeol:::::: hyun ကိုယ့်တစ်ယောက်တည်းကို ယုံကြည်ပြီး လိုက်ခဲ့ပေးလို့ရမလား။ ကြယ်တွေကို မခူးဆွတ်...