........၁၀ နှစ်ခန့်ကြာသော်......
"Luhan ရေ... Luhan.... ya ...xiao Luhan"
မှောင်မည်း၍ ကျဉ်းကျပ်သော အခန်းထဲတွင်
ယောကျာင်္းလေးတစ်ယောက်သည် အခြားယောကျာင်္းလေးတစ်ယောက်အား လှုပ်နှိုးနေသည်။ထိုကောင်လေးက ဘေးနားမှာချထားသော အဝတ်ထုပ်လေးကို ကောက်ကိုင်ရင်း တစ်ခါပြန်ကြည့်လိုက်သည်။
အဝတ်ထုပ်ဆိုသော်ငြား နှစ်ယောက်ပေါင်း
နှစ်စုံသာပါသည်မို့ သိပ်တော့မထူလှ။ထို့နောက် လှဲအိပ်နေသောကောင်လေးနိုးလာကာ....
" Baekhyun...Baekhyun..."
"အော...Luhan ....နောက်ဆုံးတော့ မင်းနိုးလာပြီပေါ့"
Luhan က အပြုံးကြီးကြီးပြုံးလိုက်ရင်း ခေါင်းညိတ်ပြသည်။ ထို့နောက်မှ အခန်းပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ပြီး ထကာ
ပြတင်းပေါက်နား၌ တစ်ချက်သွားကြည့်လိုက်
သည်။Luhan:::::ဒီနေ့ .... သခင်လေးပြန်မလာဘူး
ဆိုတာသေချာတယ်နော်။Baekhyun::::: အေး... သေချာတယ်... ဘယ်လိုလဲ အဆင်သင့်ဖြစ်ပြီလား...ငါတို့ သွားကြမယ်လေ.....
Luhan:::::အေး...သွားကြမယ်။
Luhan နဲ့ Baekhyun ဆိုသော ယောကျာင်္းလေးနှစ်ယောက်သည် Dragon Lee ဆိုသော
Byun စံအိမ်ကြီးရဲ့ သခင်လေးအား သီးသန့်လုပ်ကျွေးရသည့် သီးသန့်အလုပ်သမားများဖြစ်သည်။
သီးသန့်အလုပ်သမားဟုဆိုသော်လည်း သီးသန့်နှိပ်စက်ခံလူသားများသာဖြစ်လေသည်။
ရက်စက်၍ စိတ်ပုံမှန်မဟုတ်သော
မကောင်းဆိုးဝါးတစ်ကောင်အား လုပ်ကျွေးပြုစု
ရခြင်းသာဖြစ်သည်။Byun အိမ်တော်သည် ပြန်ပေးဆွဲမှုများ၊ကိုယ်အင်္ဂါ
အစိတ်အပိုင်းရောင်းဝယ်ခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း လုပ်ငန်းများကို
တွင်ကျယ်စွာ လုပ်ကိုင်သည့် ဒုစရိုက်စံအိမ်ကြီး
ဖြစ်လေသည်။
KAMU SEDANG MEMBACA
iLL-TimEd
Fiksi PenggemarChanBaek , HunHan (yaoi) Byun Baek Hyun:::::အမြဲ သူတစ်ပါးအတွက်ပဲ ဖြည့်ဆည်းပေးခဲ့ရတဲ့ ဒီခန္ဓာက သူ့ကိုချစ်ခွင့်တော့ ရှိပါရဲ့နော်။ Park Chan Yeol:::::: hyun ကိုယ့်တစ်ယောက်တည်းကို ယုံကြည်ပြီး လိုက်ခဲ့ပေးလို့ရမလား။ ကြယ်တွေကို မခူးဆွတ်...