ပထမပိုင်း

3.8K 102 0
                                    

❦ ......... အပြုံးလေး .......... ❦
ပထမပိုင်း

••°••°••°••°••°••°••°••°••°••°••°••°••°••°••°••

အပြုံးလေးတစ်ခုကို
ခင်ဗျားတို့စွဲစွဲလမ်းလမ်းချစ်ခဲ့ဖူးကြသလား ....?
ကျွန်တော့်ရဲ့အပြုံးလေးက သေသပ်ပိရိတဲ့ နှုတ်ခမ်းပါးလေးတစ်စုံနဲ့ ကျွန်တော့်နှလုံးသားကို အမြစ်ကနေဆွဲနှုတ်နိုင်ခဲ့တယ် ... ။
ပန်းနုရောင်နဲ့ရွှန်းလဲ့စွတ်စိုကာ ကျွန်တော့်ရင်ကို ပင့်သက်ချလှိုက်မောစေခဲ့တယ်......

••°••°••°••°••°••°••°••°••°••°••°••°••°••°••°••

အခိုးတွေ လွင့်မြောကာ မြူတွေရစ်သိုင်းနေပြီး စိမ်းညို့ဖန်ကာအုံ့မှိုင်းနေသည့် ရှမ်းရိုးမကြီးကို ခပ်ဝေးဝေးမှမြင်နေရသည်။
လှပလှပေစွ သဘာဝတရားကြီးရယ်။
မနက်ခင်းစောနေသေးသဖြင့် ​နေမပွင့်သေးချေ။
နွေရာသီကုန်ကာစ မိုးရာသီသို့ရောက်ခါနီး ကျောင်းဖွင့်ချိန် ဤရာသီဥတု၏ မနက်ခင်းအလှသည် သဘာဝတရားကြီး၏ ပြီးပြည့်စုံစွာ ခြယ်မှုန်းထားခြင်း ခံထားရသဖြင့် ကျက်သရေရှိစွာ လှပနေခြင်း ဖြစ်လေသည်။
ချယ်ရီတွေ ဖူးပွင့်သည့်မြေ
နှင်းတွေဖွဲဖွဲလှုပ်ကျတတ်သည့်မြေ
အိုးစည်ဗုံမောင်းသံတွေ စည်စည်ညံနေတတ်သည့်မြေ
သည်မြေကိုကျွန်တော်ချစ်သည် မြတ်နိုးသည် တန်ဖိုးထားသည်။ ရှမ်းပြည်နယ်၏ ရိုးရာအစားအစာတွေကို ကြိုက်နှစ်သက်သည်။
ကျွန်တော်သည်အညာဒေသမှာ မွေးဖွားခဲ့သည့် ဗမာတစ်ယောက် ဖြစ်လင့်ကစား ငယ်ငယ်ကတည်းက ရှမ်းပြည်နယ်မှာပဲကြီးပြင်းခဲ့သောကြောင့် ယခုဆိုလျှင် စကားပြောရင်တောင် ရှမ်းသံဝဲနေပြီဖစ်သည်။
တစ်နည်းအားဖြင့်ဆိုရသော် ရှမ်းသွေးရောနေသည့် ဗမာတစ်ဦးကဲ့သြို့ဖစ်နေသည်။

ယခုကျွန်တော် ဆိုင်ကယ်တစ်စီးဖြင့် ဈေးထဲသို့သွားနေခြင်းဖြစ်သည်။
ကျွန်တော်ကိုယ်တိုင်ဟင်းချက်စရာတွေဝယ်မည်။
ထို့နောက် ကျွန်တော့်ရဲ့ တစ်ဦးတည်းသောမေမေ့ကို ကျွန်တော့်လက်ရာဟင်းတွေ ချက်ကျွေးမည်ဖြစ်သည်။
ဤသြို့ဖင့် မနက်ခင်းဈေးထဲသို့ ကျွန်တော်ရောက်ရှိသွားသည်။ မနက်ခင်းဈေးကြီးမှာ ဆိုင်ခန်းတွေဖြင့်စနစ်တကျ တည်ဆောက်ထားခြင်း မဟုတ်ပေ။ မြေနီနီပေါ်တွင်သစ်သားခုံများ ဝါးတန်းလျားများဖြင့် ဖြစ်သလိုရောင်းချကြခြင်းသာ ဖြစ်သည်။ တစ်ချို့ဟင်းသီးဟင်းရွက်သယ်များသည် မြေကြီးပေါ်တွင် ငှက်ပျောရွက်ကလေးသာခင်းပြီး ရောင်းကြသည်။ ဈေးထဲတွင်လူတွေ ကျိတ်ကျိတ်တိုး စည်ကားနေသည်။ တစ်နေရာအရောက်တွင် ကျွန်တော့်ခြေလှမ်းတွေ ရပ်တန့် သွားသည်။
ဈေးလည်ခေါင်တွင် အသားမဲမဲ ဂင်တိုတိုနှင့် လူတစ်ယောက်သည် မောင်းကြီးတစ်ခုကိုကိုင်ကာ တဒူဒူထုနေသည်။ ၄င်း၏အနီးတွင်တော့ ကြိမ်ကုလားထိုင်ခြုံဖင့်​ တရုတ်ဝဝကြီးတစ်ဦး ထိုင်နေသည်။

အပြုံး​လေး ...Où les histoires vivent. Découvrez maintenant