SENTIMENTAL

2.4K 274 33
                                    

❄3❄

Heaven Villa သည်​ ညအချိန်​တွင်
ခြောက်​ခြားဖွယ်​တိတ်​ဆိတ်​လွန်းသည်​ဟု
ဆယ်​ဟွန်းထင်​သည်​။..

ဆိတ်​ငြိမ်​ရပ်​ကွက်​ဖြစ်​လို့ပတ်​ဝန်းကျင်​က
လဲ​ခြောက်​ကပ်​လွန်းသည်​။..

သူ​တွေးမိသည်​။

ဒီရပ်​ကွက်​မှာ လူ​ရော​နေရဲ့လားလို့...
တစ်​​နေ့လုံး​နေလို့ လူတစ်​​ယောက်​မမြင်​ရ။

သူ​နေတဲ့ရပ်​ကွက်​ဆို ည​ရောက်​တဲ့ထိ
ဆူညံလွန်းလို့ ရပ်​ကွက်​လူကြီး​တွေ
သတိ​ပေးရတဲ့အထိ။

အင်း​လေ။ ဘယ်​တူပါ့မလဲ...

လူချမ်းသာရပ်​ကွက်​ နဲ့ ဆင်​​ခြေဖုံးရပ်​ကွက်
ကွာခြားသည်​ကိုး။..

ညနက်​သည့်​ထိ သူအိပ်​မ​ပျော်​တာ​ကြောင့်
ဧည့်​ခန်းထဲတွင်​ထိုင်​ကာ ဂိမ်း​ဆော့​နေသည်​။

သခင်​​လေးက​တော့ ​စော​စောအိပ်​ရာဝင်​သွား
သည်​။..

အိမ်​အကူအ​ဒေါ်ကြီးကလဲသူ့အိမ်​ပြန်​သွားသည်​။

သက်​​​တော်​​စောင့်​ နှစ်​​ယောက်​ကလဲ
သခင်​​လေး အလုပ်​ထုတ်​လိုက်​လို့မရှိ​တော့။

ညဘက်​ဆို သူနဲ့ သခင်​​လေး နှစ်​​ယောက်​ထဲ။

သခင်​​လေးက သူ့ကို စကားသိပ်​မ​ပြော..

လိုအပ်​မှ​ပြောသည်​။...

တစ်​​နေ့လုံး​နေလို့ အခန်းထဲကမထွက်​။.

တစ်​ခါတစ်​​လေ အခန်းထဲမှာ 
Chopin (ဒါမှမဟုတ်​)Beethoven
၏ ​တေးသံတို့ကိုဖွင့်​ထားတတ်​သည်​။

တစ်​ခါတစ်​​လေ ငို​ကြွေးသံ သဲ့သဲ့ကို
ကြားရတတ်​၏...။

တစ်​ခါတစ်​​လေ အသက်​မဲ့သူလို
ဓာတ်​ပုံတစ်​ပုံကို အကြာကြီးစိုက်​ကြည့်​​နေ
တတ်​သည်​။..

သူ အလုပ်​စဝင်​တည်းက သခင်​​လေး၏
အပြုံးကို မမြင်​ဖူး​သေး..။

သူ့ဘက်​က သခင်​​လေး နှင့်​ ရင်းနှီး​အောင်
ကြိုးစား​ပေမဲ့ အချည်းအနှီးသာ..။

သခင်​​လေး ​ပြောင်းလဲတာဆိုလို့
မနက်​စာထမင်းဝိုင်းကို သူနဲ့အတူဝင်​စားတာ
ပဲရှိသည်​။..

SENTIMENTAL(Zawgyi/UNICODE)Where stories live. Discover now