❄Sentimental❄
" သူဌေးတို့ သိပ်ကံကောင်းတာဗျ...
ဒီနှစ် ကျွန်တော်တို့ဒေသက...မုန်ညှင်းခင်း
တွေ...ပိုးကျတာ အတော်များတယ်။..
ဒါပေမဲ့ သူဌေးတို့ မုန်ညှင်းခင်းတွေ
ပိုးသိပ်မတွေ့ဘူး။.."နယ်ဘက်တွင် ကိုကိုဝယ်ထားသည့်
စိုက်ခင်းများကို ထိန်းသိမ်းပေးရသည့်..
ဒေသခံ လူကြီးက သူနှင့်ကိုကို့ ကို
မုန်ညှင်းခင်းလိုက်ပြရင်း...ပါးစပ်ကလဲ..
မနားတမ်းလွှတ်သည်။...ထို လူကြီး အရှေ့ကသွားသမျှ...
သူ နှင့် ကိုကို က အနောက်ကလိုက်ရ၏..စိုက်ခင်းကြီးက ကျယ်လိုက်တာ။
~("ကိုယ် နယ်ဘက်မှာ မုန်ညှင်းစိုက်ခင်း
လေး ဝယ်ထားတယ်။ ကိုယ်တို့အသက်ကြီး
လို့် နယ်ဘက်မှာနေကြရင် အဲ့ဒီစိုက်ခင်းလေး
နဲ့ပဲ အိုစာမင်းစာ ရှာကြမယ်။..")~ကိုကို ထိုသို့ပြောတုန်းက သူထင်ခဲ့တာ
ပေတစ်ရာ ပတ်လည် စိုက်ခင်းလေးပေါ့။..အခုတော့ စိုက်ခင်းက ၂ ဧက ကျော်တယ်။...
စိုက်ခင်းအတွက် လူမနိုင်လို့ အလုပ်သမား
၁၀ယောက် ထပ်ငှါးရသတဲ့...ဒီလောက်အကျယ်ကြီးကို...စိုက်ခင်းလေးတဲ့
အံ့သြပါ့။ကိုကိုရယ်။
"ဆူး ဘယ်လိုလဲ ကြိုက်ရဲ့လား။ စိုက်ခင်းကို"
သူ့ကို အသံတိုးတိုးနှင့်မေးလာသည်။
" အင်း...ကြိုက်တယ်။ "
သူ တကယ်လဲ စိုက်ခင်းကို...
သဘောကျမိတယ်။...စိမ်းလန်းနေတဲ့...တောင်ကုန်းလေး
တွေကြားက...အစိမ်းရောင် မုန်ညှင်းစိုက်ခင်း
ပြင်ကျယ်သည်...သူ့စိတ်ကို...
ငြိမ်းချမ်းသွားစေသည်။...ရုတ်တရက်...
အရှိန်ပြင်းပြင်းတိုက်ခတ်လာသည့်လေကို...
သူ...ရှူ ရှိုက်လိုက်တော့...မြေသင်းနံ့က...မွှေးခနဲ...။
" သူဌေးတို့ စိုက်ခင်းထဲ လျှောက်ကြည့်
ဦးနော်။..ကျွန်တော် ဂိုဒေါင်မှာ ပစ္စည်း
သွားယူလိုက်ဦးမယ်။"
YOU ARE READING
SENTIMENTAL(Zawgyi/UNICODE)
Romanceပေကျင်းမြို့ကရှေးဟောင်းခြံရယ်.....။ လွမ်းမောဖွယ်တေးသွားတွေရယ်.....။ အထီးကျန်လူသားရယ်.....။ ဗီလိန်ရယ်....။ အောက်မေ့ဖွယ် အချစ်ဇာတ်လမ်းတစ်ပုဒ်ရယ်။..... ❄Sehun ❄ Kyungsoo❄ ❄Chanyeol❄ Writing Date// (25 Dec 2017 - 20 March 201...