WIsL_01

457 40 9
                                    

#baby cried ~~~~
အူဝဲ အူဝဲ အူဝဲ ~~~~

သာယာလှပနေတဲ့ မနက်ခင်းနဲ့ မလိုက်ဖက်စွာ ပေါ်ထွက်လာတဲ့ ငိုသံစူးစူးလေး
အိမ်ကြီးရှင်သခင်မလေး Mrs.Do -- ငိုသံလေးနောက်လိုက်ရှာရင်းးး ခြံပြင် တံခါးဝမှာ ခြေကားယား လက်ကားယားလေးနဲ့ ချီမည့်သူကိုစောင့်မျှော်နေသော ကလေးငယ်တဦး ~~~

Mrs.Do-- ဘယ်သူကများလာထားသွားတာပါလိမ့်နော် အေး အေးး တိတ်ပါကလေးရယ် တိတ် တိတ်

ကလေးငယ်ကိုချော့မြူရင်းအနီးနားကို လှည့်ပါတ်ရှာပါသော်လဲ တဦးတယောက်ကိုသော်မျှမမြင်၍ ကလေးငယ်ကို ပိုက်လျက်အိမ်ကြီးထဲပြန်ဝင်လာခဲ့သည်

Mr.Do-- မိန်းမရေ @-@ အဲ့ဒါဘယ်က ကလေးလေးတုန်း
Mrs.Do---- မသိပါဘူးး ကိုရယ် ခြံပြင်မှာလေ ဘယ်သူလာထားသွားလဲ မသိပါဘူးး ငိုနေတာလေ မိန်းမလဲ မကြည့်ရက်လို့ ခေါ်လာလိုက်တာ

အော်~~~~ ဒါဆိုသူ့မိဘတွေက စွန့်ပစ်ခဲ့တာပေါ့လေ သနားပါတယ်ကွာ

ဟုတ်တယ်နော် ကို -- ကြည့်ပါအုံးးး ဗိုက်တော်တော်ဆာနေပုံရတယ် ကလေးကို ကိုယ်လက်လေးသန့်စင်ပေးပြီး နို့လေးဖျော်ပေးလိုက်အုံးမယ်နော် ကို ခဏ

ရတယ် ရတယ် ဖြေးဖြေးလုပ်ပါ မိန်းမရယ် ကိုယ်က မနက်စာကို ရုံးရောက်မှစားလဲရတယ် ကလေးကိုသာသေချာ လုပ်ပေးလိုက် ကိုရုံးကပြန်လာမှ ကလေးကိစ္စဆက်စဉ်းစားတာပေါ့

ကောင်းပြီလေ ကို အဲ့ဒါဆို ရုံးသွားတော့နော် --
Mrs.Do လဲ အနမ်းလေးတပွင့်နဲ့ ယောင်္ကျားဖြစ်သူကို နှုတ်ဆက်လိုက်တယ်

ထို့နောက် မိမိရင်ခွင်ထဲက ကလေးငယ်ကို သန့်ရှင်းပေးရန် အပေါ်ထပ် ရေချိုးခန်းဆီသို့~~~~

#Eomma ~~~Eomma

အမေဖြစ်သူကို တရင်း နိုးထလာသော ကောင်လေးတယောက် ~~ အော်ခေါ်နေသည့်တိုင် အမေဖြစ်သူက ရောက်မလာတော့ မိမိအခန်းလေးထဲကထွက်လို့ အမေရှာပုံတော်ဖွင့်လေသည်~~~

#Eomma သားသားခေါ်နေတယ်လေလို့

အေး အေးး လာပြီသားသားရေ ခဏစောင့်နော်

ခဏစောင့်ဆိုတဲ့ စကားနောက် ကောင်ကလေးမျက်နှာက အလိုမကျသလို တချက်ငိုမဲ့မဲ့ ဖြစ်သွားလေသည်

What Is L-O-V-E ??Where stories live. Discover now