WIsL_02

343 51 11
                                    

"မိန်းမရေ "

"လာပြီ ကိုရေ
ကို ပြန်လာပြီလားးး အမောပြေ သံပုရာရည်လေးသောက်လိုက်အုံးနော် ကို"

ဇနီးသည်ဖြစ်သူဆီက အအေးခွက်ကိုလှမ်းယူ သောက်ရင်းးး အမောဖြေလိုက် တဲ့ Mr.Do

"ဟူးးး အခုမှပဲအမောပြေသွားတော့တယ်ကွာ. . . .ဒါနဲ့ ဟိုကလေးလေးကော မိန်းမ??"

"အပေါ်ထပ်မှာ သိပ်ထားတယ်လေ ကို"

"ဟုတ်လားးး သားသားကော?"

မေးလိုက်ခါမှ မနက်ကအကြောင်းကို သတိရပြီး Mrs.Do သဘောကျစွာပြုံးလိုက်မိသည်

"မိန်းမ -- မိန်းမ?? "
သားသားအကြောင်းမေးနေတာကို မဖြေပဲ နှစ်ခြိုက်စွာပြုံးနေသော မိန်းမဖြစ်သူကို Mr.Do နားမလည်စွာ ခေါ်လိုက်မိသည်

"ဟင် အင်းး ဘာလဲ ကို ဘာပြောလိုက်တာလဲ ?"
"ဘာမှမပြောပါဘူးး သားသားကောလို့မေးနေတာကို မဖြေပဲ ပြုံးနေလို့လေ "

"အော် သားသားလား သူ့အခန်းထဲမှာလေကိုရဲ့ ဘာလို့လဲ "

"ဘာမှမဟုတ်ပါဘူးး ဒါနဲ့ မိန်းမ အခုနက ဘာလို့ပြုံးနေတာတုန်း??"

"အော် ဒါလားး မနက်က သားသားပုံစံလေးကို သတိရလို့ပါ ကိုရယ် "

"မနက်က သားသားက ဘာဖြစ်လို့လဲ မိန်းမရဲ့??"

"ဒီလို ကိုရဲ့ မနက်ကလေ သားသားက ကလေးလေးကို ~~~~~~"

မိန်းမဖြစ်သူ စကားဆုံးသည့်တိုင် Mr.Do မျက်နှာက အံ့သြမှုက မရပ်တန့်သေး နောက်တော့ ---

"ဟင်းးးးးး "

"ကို ဘာဖြစ်လို့လဲဟင် ဘာလို့ သက်ပြင်းတွေချနေရတာလဲ"

ယောင်္ကျားဖြစ်သူရဲ့ သက်ပြင်းချသံကြောင့် Mrs.Do အလောတကြီးမေးလိုက်မိသည်

"ကို အလုပ်ကနေပြန်လာတော့ ကလေးလေး ကိစ္စကို စုံစမ်းခဲ့သေးတယ်မိန်းမရဲ့ ကိုယ်တို့ ခြံပြင်က CCTV မှာလဲ ကလေးလေးကို လာထားသွားတဲ့သူ မျက်နှာကို မတွေ့လိုက်ရဘူးလေ အဲ့တော့ ကိုယ်လဲ ကလေးပျောက်ဌာနကိုမေးကြည့်လိုက်တာ ----"

"အဲ့တော့ အဲ့တော့ သူတို့က ဘာတဲ့လဲဟင်ကို ""

မိန်းမဖြစ်သူကိုကြည့်ရင်းး Mr.Do ရှေ့ကို စကားမဆက်နိုင် သူမဘယ်လောက် ကလေးချစ်တတ်သည်ဆိုတာ ကိုယ်အသိဆုံးပင်မလို့--

What Is L-O-V-E ??Where stories live. Discover now