3

1.1K 140 15
                                    

နှလုံးသားထဲ...
အချစ်တွေနဲ့ တခမ်းတနားတိုးဝင်ပြီးမှ
ပြန်ပြီး တိုးမထွက်နဲ့...
မင်းကို အချစ်နွံထဲနှစ်ထားမှာ...

မာကျောတယ်လို့ ...
မင်းပြောတဲ့ နှလုံးသားက မင်းနဲ့ပတ်သက်ရင်
အထိမခံနိုင်အောင် နုတာ မင်းမသိနိုင်ဘူး...

အမှတ်တမဲ့ဆုံတွေ့ခြင်းဟာ နောက်ဆုံး သံယောဇဉ်တခုနဲ့ ရစ်ပတ်သွားမှာ ကလေးရဲ့...။

................................................

ဒီနေ့ company တွင် ထုတ်ကုန်သစ် ကြောင့် အစည်းအဝေးအပြင် တွေ့ဆုံပွဲများလည်း သွားခဲ့ရခြင်းကြောင့် မိုးတောင်ချုပ်နေသည်...အခုထိနေ့လည်စာမစားရသေး...။

Jimin များဒီနေ့ ယွစိကို ထိုးလို့...ဘာလုပ်ချင်နေမှန်းမသိ coffee တွေပါ ဖျော်တိုက်တဲ့ အထိ...အရင် ဆို လှည့်တောင်မကြည့်ခဲ့တာ......

အလုပ်များသည့်အတွက် ညမှ အိမ်ပြန်ရငည်...။လမင်းကြီးသည်ပင် မမြင်ရ တရ...။တိမ်ထူနေတာလား...မိုးပဲအုံချင်လို့ တိမ်မဲများ ဖြတ်ပြေးနေလားမသိ...။စိတ်ပျက်တာတော့ သေချာသည် ဒီနေ့သူလမ်းလျှောက်ရသည်မို့...။

Jimin က ထူးထူးထူးဆန်းဆန်း Party ရှိလို့ကား ယူသွားမယ် ပြောသည့်အပြင် party တွေ club တက်တာ ဆိုခေါ်နေကျ...အဲ့တာကို မပြောမဆိုနှင့် ခေါ်လည်းမခေါ် သူ့ကားပါယူသွားတဲ့ အပြင်...message တစောင်နဲ့ ထားခဲ့တာ...။ဒါကြောင့် ဒီနေ့ မျက်နှာချိုသွေားနေတာ...

ညလေအေးသည် ကျောထဲ၌ ချမ်းစိမ့်စိမ့်...တော်သေးသည်...အေးတယ်ဆိုပြီး ကုတ် အကျီ င်္အရှည် ဝတ်လာတာ ကံကောင်းသွားသည်...

ပြန်လာမှ ပုတဲ့ အရပ် ထပ်မရှည်အောင် ထုချမယ်...။ဒါကတော့ အနာဂတ်အား တွေးခြင်း......။လက်ရှိ ပစ္စုပ္ပန်ကတော့ စိတ်ပျက်ခြင်းအတိ...။

ရုံးဝတ်စုံနေပင်...အနည်းငယ် ရွံ့တတ်တာကြောင့် နှင့် လူတောတိုးတာမကြိုက်တာကြောင့် bus ကား ကတော့ မစီးချင်ပေ...။လမ်းတွေကလည်းမှောင်မဲနေသေးသည်...။

" ချာတိတ် ပိုက်ဆံဘယ်လောက်ပါလဲ "

အနောက်မှ ကြားရသည့် အသံကြောင့် ရုတ်တရက်လှည့်ကြည့်မိလိုက်သည်...

Dangerous LoveWhere stories live. Discover now