1

3K 166 44
                                    

လောကကြီးပဲ ပျက်စီးနေလား...ကိုယ်ကပဲပျက်စီးနေတာလားမသိ...သေချာတာတော့ ကိာယ်လူကောင်းမဟုတ်ဘူး...။

လူတွေက တဖြည်းဖြည်း ပျက်စီးလာတာပဲ...အင်းလေ...ဘာဖြစ်လဲ ကိုယ်ဆိုရင် မွေးကတည်း ကပျက်စီးလာသလိုပဲ...ဒါဆိုရင်နောက်ကော...တော်စမ်းပါ...အခုလည်းပျက်စီးမှာ...နောက်လည်းပျက်စီးမှာ...။

အချစ်?...အချစ်ဆိုတာနဲ့ အနောက်က ပိုက်ဆံဆိုတာ ပါလာပြီးသား...။

တနေ့တနေ့ကို ဖြတ်သန်းနေရတာ ရုပ်ရှင်ကားရိုက်တာကြနေတာပဲ...အခန်းဆက်တွေ သေမှပဲ ဆုံးမှ...အဲ့တာပြောတာ...မိဘလက်ဖက်မိုးအောက်ကနေ ရှင်သန်ကြီးထွားဖို့ ကမ္ဘာကြီးကို စိန်ခေါ်ထားတာ...။

................................................

မှောင်ရီပျို့စ လမ်းတလျှောက်၌ မီးတိုင်တွေရဲ့ အလင်းကရီဝေဝေ...တချို့ကလင်းကိုမလင်းတာ...လင်းတာကြတော့လည်း မှိန်လိုက် လင်းလိုက်နဲ့...လမ်းလေးသည် ဖြောင့်ဖြူး၍ ရှင်းလင်သော်လည်း...မတိတ်ဆိတ်...။

ပတ်ဝန်းကျင်ရှိ အရက်နံ့တို့သည် နှာသီးဝထဲ ဖြတ်၍ ကန့်လန့်တိုက်ကာနေပြန်သည်...ဆေးလိပ်နံ့ အပြင်ကို ပြစ်ချွဲချွဲရယ်သံတွေ...။

အဲ့တာတွေ ရွံ့တာ...။သို့သော် ထိုနေရာသို့ တနေကုန်ပင်ပန်းထားသမျှ...ဖြေချရန်...အရက်သောက်ဖို့ သူလာခဲ့ခြင်းပင်...။ဂရုစိုက်ဖိ့ မလို အဓိက က အရက်သောက်ဖို့...။

"အဟင်းး..."

လမ်းလျှောက်ရင်း လည်ပင်း၌ စို့ကပ်နေသော ချွဲတို့အား ရှင်းထုတ်လိုက်သည်...စိတ်ကူးကတော့ ခပ်ဆန်းဆန်း...ဝတ်လာတာ တစ်ကိုယ်လုံးအမဲ...ထင်ကြတော့မလား...သူကုမ္ပဏီပိုင်ရှင်ဆိုတာ...။

လမ်းသာလျှောက်နေတာ...ဒီအရက်ကိုသောက်ချင်လို့သာ...ဖြစ်နိုင်ရင် မျက်စိမှိတ်လျှောက်ချင်တာ...ရွံ့စရာ မြင်ကွင်းတွေမမြင်ချင်တာရယ်...ကျင်လည်တဲ့ပတ်ဝန်းကျင်ဆိုတာကို မကြည့်ချင်တာရယ်...

မျက်စိရှေ့ရှိသော ဆိုင်းပုဒ်အား တချက်မျက်လှန်ကြည့်လိုက်သည်...

"Dangerous...ဟင်း"

အသံထွက် ဖတ်ရင်းပြုံးမိပြန်သည်...ကောင်းလိုက်တဲ့ နာမည်...အဲ့လိုမျိုးကြိုက်တာ...

Dangerous LoveWhere stories live. Discover now