Part-4

804 65 6
                                    

Tae- ဗျာ!!!!!

Jhope-ဟုတ်တယ် Tae ရဲ့ မင်း hyungs နဲ့ kookie တို့ထဲက တစ်ယောက်နဲ့ လက်ထပ်ရမယ်

Tae-ဘယ်လိုဖြစ်ပြီး.........

Tae တစ်ယောက်ဆွံအသွားသည်၊သူ့စိတ်တွေလည်း စိတ်ထွေးနေတယ်၊အရင်နေ့က အကြောင်းတွေလည်း မမှတ်မိ သူ့ hyungs တွေနဲ့ kookie ထဲက တစ်ယောက်နဲ့လည်း ရုတ်တရက်ကြီး လက်ထပ်ခိုင်း

Tae-တစ်ယောက်ယောက်ရှင်းပြကြပါဦး

Suga တို့ ရှင်းပြတာ သေချာနားထောင်နော်

Flash back>>>>>>>>>

Tae တစ်ယောက် လက်ထဲက စာရွက်ကို ကိုင်ပြီး ဘဏ်ထဲက စိတ်ပျက်လက်ပျက် ထွက်လာခဲ့တယ် စာရွက်ထဲမှာက

အမည်-Kim Taehyung

ဘဏ်အတိုးချေးငွေ-10,000,000

တန်းသိလိုက်ပါပြီ သူမဆိုတာ ၊ Kim Jiyeon
သူ့မိထွေး၊ သူ့အသက် ၇ နှစ်အရွယ်မှာ သူ့အမေဆုံးသွားတယ်
သူအသက် ၁၀ နှစ်အရွယ်မှာ သူအဖေနောက်မိန်းမယူခဲ့တယ်
သူ့အဖေနှင့် အသက်ထပ်ဝက်လောက်ကွာတယ်
ဆုံးသွားတဲ့ အမေ့ နေရာမှာ အစားမထိုးနိုင်ပေမဲ့လည်း
သူု့အဖေစိတ်ချမ်းသာဖို့ ဘာမှ မပြောခဲ့ဘူး
သူ့အသက် ၁၃ နှစ်မှာ သူ့အဖေကျန်းမာရေး ဆိုးရွားလာတယ်
အဲ့မိန်းမ ပယောဂမကင်းဘူးဆိုတာ သူသိတယ်
ဒါပေမဲ့ လက်ဆုတ်လက်ကိုင် မပြနိုင်တော့ သူငြိမ်ခံနေလိုက်တယ်
မကြာခင် သူအဖေဆုံးသွားတယ်၊ သူ့အဖေဆုံးပြီးနောက်ပိုင်း
company က သူမရဲ့ လက်ထဲရောက်သွားခဲ့တယ်၊
သူ့အဖေဆုံးပြီးနောက်ပိုင်းသူမအပြုအမူတွေ သူ့အပေါ်ပြောင်းလဲလာခဲ့တယ်
တစ်နေ့သူ့ ကို ချစ်စကားပြောခဲ့တယ်
သူ့နှင့် သူမဟာ ၁၀ နှစ်လောက်ကွာပေမဲ့ သူမ၏ အရွယ်တင်မှုနဲ့
ခေတ်ဆန်တဲ့ အပြုအမူတွေကြောင့် သူ့နှင့် ရွယ်တူလို့ ထင်ရတယ်
တစ်နေ့တစ်နေ့ အပြုအမူတွေက လွန်လာတယ်
ဒါနဲ့ သူ့အသက် ၁၅ နှစ်မှာ အိမ်ပေါ်က ဆင်းခဲ့တယ်
သူ့ဘာသာ အလုပ်လုပ်ပြီး ရတဲ့ ပိုက်ဆံနဲ့ ကျောင်းတက်
အခန်းငှါးနေခဲ့တယ် မကြာခင်ပဲ သူသတင်းကြားလိုက်ရတယ်
Kim Company ဒေဝါလီခံလိုက်ရပြီတဲ့
မကြာခင် သူငှါးနေတဲ့ အိမ်ကို သူမရောက်လာခဲ့တယ်
ပိုင်ဆိုင်တာ ဘာမှ မရှိတော့ဘူးတဲ့
သူလည်း သနားလို့ ခေါ်တင်ထားလိုက်တယ်
သူတက္ကသိုလ်ပြီးတော့ ရုပ်ရှင်ရိုက်တဲ့နေရာတွေမှာ
အစမ်းဝင်သရုပ်ဆောင်ခဲ့တယ်
မကြာခင်ပဲ သူ့ရုပ်ရည်နဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့်
အနုပညာလောကထဲကို ဝင်ရောက်နိုင်ခဲ့တယ်
သူ့မိထွေးကတော့ သူ့နာမည်နဲ့ ငွေတွေ အလွဲသုံးစားလုပ်ခဲ့တယ်
သူ့အဖေမျက်နှာကို ထောက်ပြီး အကုန်လုံးလိုက်ဖြေရှင်းပေးတယ်
နောက်ပိုင်းသူ့မိထွေးက အိမ်က ထွက်သွားတော့မယ်တဲ့
Taehyung တစ်ယောက် အတိုင်းမသိ ဝမ်းသာခဲ့တယ်

6Hottest,All my's husbands(vxbts)[Hiatus]Where stories live. Discover now