မမှတ်မိတော့ရင် အရှေ့ပိုင်းကို ကိုယ့်ဘာသာကို ပြန်ဖတ်ကြည့်ကြပါ
*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*
Yoongi အပေါက်ဝမှာ ရပ်ပြီး အချိန်တော်တော်ကြာအောင် စဉ်းစား
နေမိတယ်......။သူ့နောက်က Tae ခေါ်သံကြားမှ သတိပြန်လည်လာတယ်......။
"Yoongi hyung သွားကြမယ်လေ၊ကျန်တဲ့ သူတွေက မအားဘူး
Tae ကို လိုက်ပို့ပေးမယ်မလား""အေး Tae လာသွားမယ်"
Tae လက်ကို ဆွဲပီး ကားပါကင်ကို ထွက်လာခဲ့တယ်......။
"Tae အပြင်မှာခဏစောင့်နေ.....hyung ကားထုတ်ပြီး ထွက်လာခဲ့မယ်"
"ဟုတ် hyung"
Taehyung ကို ခဏထားပြီး Yoongi ကားသွားထုတ်ဖို့ လုပ်လိုက်တယ်......။
ကားစက်နှိုးတာ မရလို့ ကြည့်လိုက်တော့ ဆီကုန်နေတယ်.....။
"ကျစ်...ဒီကို လာချင်ဇောနဲ့ ဆီမဖြည့်လိုက်မိဘူး"
Yoongi ကားထဲက ပြန်ထွက်ပြီး သူအတွင်းရေးမှူးကို ဖုန်းဆက်လိုက်
တယ်....။"Minsoo Rain hospital အရှေ့ကို ငါ့ကားတစ်စီး လာပို့ အမြန်နော်"
Yoongi ဖုန်းချပြီး Taehyung ဆီကိုပဲ သွားလိုက်တယ်....။
Taehyung က သူ့ကို မြင်တော့ လက်လှမ်းပြတယ်.....။
ပြီးတော့ သူမြင်လိုက်တာ Taehyung နောက်မှာ ဆိုင်ကယ်တစ်စီး
ဘေ့စ်ဘောတုတ်တံနဲ့ Taehyung စီ တည့်တည့်ဝင်လာတယ်.....။သူအမြန်ပြေးပြီး Taehyung ကို သူ့ရင်ခွင်ထဲထည့်ပြီး ဘေးဘက်ကို
လှိမ့်ချလိုက်တယ်......။သူပြန်ထကြည့်လိုက်တော့ ဆိုင်ကယ်မရှိတော့ဘူး.....၊ထွက်ပြေးသွား
တာ မမြင်လိုက်ရဘူး.....။Taehyung ကြောက်လွန်းလို့ အသားတွေ တဆက်ဆက်တုန်ပြီး
အသက်မဝဖြစ်နေတယ်......။Yoongi Taehyung ဘက်လှည့်ကြည့်လိုက်တော့မှ.....
"Tae!! အဆင်ပြေရဲ့လား"
Taehyung က သူ့ကျောပို့အိတ်ကို လက်ညိုးထိုးလိုက်တယ်.....။
Yoongi လဲ လွယ်အိတ်ကို အမြန်မွှေနှောက်ရှာလိုက်တော့ ဆေးဘူး
လေးတစ်ဘူးကိုတွေ့တယ်.....။
YOU ARE READING
6Hottest,All my's husbands(vxbts)[Hiatus]
Fanfictionဒါက Japan game တစ်ခုကို သဘောကျလို့ ယူရေးထားတာပါ (yoai)ဇာတ်လမ်းအဖြစ် ပြန်ပြောင်းပြီး ဇာတ်လမ်းဇာတ်ကွက်တွေကို တော်တော်လေးပြောင်း ထားပါတယ် အခုမှ စရေးတာဆိုတော့ မှားတာလေးတွင် ပါရင် Sorry ပါ ကျောင်းကလည်းရှိပြီး စာရိုက်တာလည်း ကြာတော့ update နောက်ကျပါမယ် ~h...