🔩SCREW🔩

2.6K 260 18
                                    

*ဒေါက် * *ဒေါက် * *ဒေါက်*

နားထဲတိုးဝင်လာသော
တံခါးခေါက်သံသဲ့သဲ့ကြောင့်
Wu yifan စာရေးနေရင်း
တံခါးဘက်လှည့်ကြည့်လိုက်သည်

အချိန်ကိုကြည့်လိုက်တော့
10နာရီထိုးနေပြီဖြစ်သည်
သူငယ်ချင်းသိပ်မရှိသောသူ့အတွက်
ဒီအချိန်ကြီး ဘယ်သူမှလည်းမလာနိုင်တာကြောင့်
ခေါင်းထဲ ပဟေဠိတွေဝေနေသည်

"ဘယ်သူများလဲ? "

*ဒေါက် * *ဒေါက်* *ဒေါက် *

သူ တိုးတိုးရေရွတ်မိစဉ်တွင်
တံခါးခေါက်သံသဲ့သဲ့က ဆက်ကြားနေရဆဲပင်

ထိုင်ခုံမှထကာ တံခါးဆီလျှောက်သွားပြီး
ဖွင့်လိုက်သည်နှင့် တောက်ပသော မျက်ဝန်းတစ်စုံနှင့်
ချိုမြိန်သော အပြုံးတစ်ခုက ဆီးကြိုနေသည်

"ကိုကို! "

ထိုကဲ့သို့ အာမေဋိတ်ကိုရွတ်ကာ
အခန်းထဲသို့စွေ့ခနဲ ခုန်ဝင်လာသော သူ၏..........

"အစ်ကို....လေး''

သူ ထိုကဲသို့ အလန့်တကြားရေရွတ်မိသောအခါ
အစ်ကိုလေးဟုခေါ်သံကြောင့် ထိုချာတိတ်က
မျက်နှာကြီးဆူပုတ်သွားသည်

"Chanyeolလေးလို့ခေါ်....
ဒါမှမဟုတ် ကလေးလေး
အဲ့ဒါမှမကြိုက်သေးရင် အချစ်ကလေးလို့လည်း
ခေါ်လို့ရသေးတယ် ''

ထိုချာတိတ်၏ စကားသံများအဆုံးမှာ
သူ့မျက်နှာ တည်တံ့သွားသည် ထင်သည်

ထိုချာတိတ်သည် သူ့အား ဟီးခနဲပြုံးပြ၍
တစ်ခုခုလိုချင်နေသော မျက်နှာပေးဖြင့်
လက်မောင်းကိုအတင်းလာချိတ်ကာ
ရင်ဘတ်ကို လက်ညှိုးလေးဖြင့်ထိုးနေပြန်သည်

//ဒီချာတိတ်ဘာလုပ်နေတာလဲ???????? //

"ဗိုက်ဆာတယ်.. ကိုကို... ''

//ဗိုက်ဆာတယ်????? ဟုတ်သားပဲ
ဒီကိုဘာလို့လာတာလဲလို့ မေးရဦးမှာပဲ //

သူ ထိုချာတိတ်အား ကုတင်ပေါ်ထိုင်စေလိုက်ကာ
တံခါးကိုဆွဲပိတ်လိုက်သည်
ထို့နောက် သူ ထိုင်ခုံကိုယူပြီး
ထိုချာတိတ်ရှေ့သွားထိုင်လိုက်သည်

"ဘာလာလုပ်တာလဲ....ဒီကို...''

"ဟီး..... ကိုကို့ကို လာတွေ့တာလေ ''

You've reached the end of published parts.

⏰ Last updated: Feb 13, 2018 ⏰

Add this story to your Library to get notified about new parts!

SCREW Where stories live. Discover now