***သူမ၏ ချစ်​ခြင်းဝယ်​***

879 23 0
                                    

Part 1
သူမ ​ဖေ​ဖေဆုံးပြီး ဘယ်​​လောက်​မှမကြာ​သေး။ ​သူမရဲ့ တစ်​ဦးတည်း​သော အုပ်​ထိန်းသူ ဒေါ်​လေးက သူမကို လက်​ထပ်​​ပေးရန်​ ​ပြော​တော့သည်​။
"သမီးရယ်​ သမီးက ပညာလည်း စုံပြီ။ ​နောက်​ပြီး သမီး​ဖေ​ဖေရဲ့ ​နောက်​ဆုံးဆန္ဒက သမီးကို သင့်​​တော်​တဲ့ လူနဲ့ အိမ်​​ထောင်​ချ​ပေးဖို့ပဲ​လေ။ လက်​ခံပါ သမီးရယ်​ အခု ​ဒေါ်​လေးရှာ​ပေးတဲ့ သမီးရဲ့ အိမ်​​ထောင်​ဘက်​ ​ကောင်​​လေးက လူရိုး​လေးပါကွယ်​"
ထိုသို့နှင့်​ သူမတစ်​ခါမှ မမြင်​ဖူး​သော ထိုလူကို လက်​ထပ်​ဖို့ လက်​ခံလိုက်​ရသည်​​ပေါ့။

ရိုးရိုးရှင်းရှင်းသာကြိုက်​တဲ့ သူမ လက်​ထပ်​ပွဲကို အကျဉ်းချုံးသာ ကျင်းပခဲ့သည်​။ ​အချစ်​မပါ​သော သူမအိမ်​​ထောင်​​ရေး မည်​သို့ဆက်​ဖြစ်​မည်​ မသိ​သော်​လည်း ​ဖေ​ဖေဆန္ဒမို့ တတ်​နိုင်​သ​လောက်​ သည်းခံ​ပေါင်းရန်​ သူမ ဆုံးဖြတ်​ပြီး ဖြစ်​သည်​။ သူမရဲ့ ခင်​ပွန်းဆိုသူ ထို​ကောင်​​လေးမှာ လူပုံက​တော့ သူမအ​ဒေါ်​ပြောသလို ​တောသားနှင့်​မတူ​ပေ။ ယခုအချိန်​ထိ အကြည့်​စူးစူး​တွေကို ခံနိုင်​ရည်​ရှိလာခဲ့တဲ့ သူမ သူ့အကြည့်​စူးစူး​တွေ​အောက်​မှာ မ​နေတတ်​မထိုင်​တတ်​ ဖြစ်​​နေတာ​တော့ အမှန်​ပင်​။ ဟန်းနီးမွန်းထွက်​ရန်​ ​လေဆိပ်​သို့ ​မောင်းလာ​သော ကား​ပေါ်တွင်​ သူမကို တစ်​ချိန်​လုံး စိုက်​ကြည့်​​လာ​သော သူ့​ရှေ့တွင်​ ​နေရထိုင်​ရ ကျပ်​လွန်းလှသည်​။
"ကိုယ့်​နာမည်​က Park Chanyeolပါ"
"သိပါတယ်​ လက်​ထပ်​စာချုပ်​မှာ ရှင့်​နာမည်​ ပါတာပဲ"
Yeol- ကိုယ်​တို့နှစ်​​ယောက်​က လက်​ထပ်​ထားတာ​နော်
Soo- ဟုတ်​တယ်​​လေ အာ့ ဘာဖြစ်​လဲ
Yeol- မင်းကြည့်​ရတာ ကိုယ့်​ကို ​ကြောက်​​နေသလိုပဲ
Soo- မ​ကြောက်​ပါဘူး ရှင့်​ကို ကျွန်​မက ​ကြောက်​စရာလား
သူမဆီမှ မျက်​​စောင်းလှလှ​လေး တစ်​ချက်​ရလိုက်​​လေသည်​။ သူပြုံးလိုက်​မိသည်​။
***မင်း သိပ်​လှတယ်​ Do Kyung Soo***
သူ,သူမနဲ့ လက်​ထပ်​လိုက်​ရတာက သူမအ​ဒေါ်ရဲ့ အစီအစဉ်​ပင်​။
ရွာမှာ ​သူနဲ့သူ့အ​ဖေ လယ်​စိုက်​ရင်း ရိုးသားစွာ အသက်​​မွေးဝမ်း​ကြောင်းပြုခဲ့ကြသည်​။ သို့​သော်​ ဆိုးလွန်းတဲ့ ကံကြမ္မာက သူ့ဘဝကို ​ပြောင်းပြန်​လှန်​ပစ်​ခဲ့တယ်​။ သူ့အ​ဖေ အသီးအနှံ​တွေ တင်​ပို့​နေကြ ဆိုင်​က ဦး​လေးကြီး ​သေတဲ့အမှုမှာ သူ့အ​ဖေစွပ်​စွဲခံရသည်​​။ ထိုအမှုကို သူမ(Soo)အ​ဒေါ်က သူ့အ​ဖေလွတ်​​အောင်​ ​ငွေအားလူအားနဲ့ ကူညီခဲ့သည်​​။ ထိုအတွက်​ သူက တန်​ရာတန်​​ကြေးအ​နေနဲ့ သူမအ​ဒေါ်ခိုင်းတာ အကုန်​လုပ်​​ပေးရမည်​ ဖြစ်​သည်​။ သူသိတာ တစ်​ခုက သူမအ​ဒေါ်အ​ပေါ် သူမချစ်​ခင်​​လေးစား​သော်​လည်း သူမအ​ဒေါ်က သူမဘဝကို ဖျက်​ဆီးပစ်​​တော့မည်​ဆိုတာပင်​။ သူမအ​ဒေါ်ရဲ့ ပထမ​ခြေလှမ်းက သူ့ကို သူမ(Soo)အချစ်​ကို ရ​အောင်​ ယူခိုင်းခြင်းဖြစ်​သည်​။ ထပ်​ပြီး သူ့ကို ဘာဆက်​ခိုင်းမည်​ကို​တော့ သူမသိ​ပေ။
ဂျယ်​ဂျူကျွန်းသို့ ​ရောက်​​လေပြီ။ သူမတို့ မိသားစုက အလွန်​ပင်​ ချမ်းသာပုံရသည်​။ အားလုံးက အဆင်​သင့်​ သူမပင်​ လှမ်းဖုန်းဆက်​စရာမလို။
သူတို့ မင်္ဂလာခန်းကလည်း နတ်​ဘုံနတ်​နန်းကြီးသဖွယ်​ လှပလွန်း​နေသည်​။

***သူမ​၏ ချစ်​ခြင်းဝယ်​***Where stories live. Discover now