***သူမ​၏ ချစ်​ခြင်းဝယ်​***

762 35 0
                                    

Part-2(ဇာတ်​သိမ်း)
ဖေ​ဖေဆုံးပြီးတည်းက ကုမ္ပဏီအ​ခြေအ​နေက မငြိမ်​မသက်​ သူမ​ဒေါ်​လေး ​ပြောတာ​တော့ သူမ​ဖေ​ဖေက ပ​ရောဂျက်​ အသစ်​အတွက်​ ရင်းနှီးမြှုပ်​နှံရင်း ​ငွေ​တွေအများကြီး ဆုံးရှုံးခဲ့တယ်​တဲ့​လေ။ သူမက သူမ​ဖေ​ဖေ ​နေမ​ကောင်းဖြစ်​မှ တိုင်းတစ်​ပါးက ပြန်​လာတာဆို​တော့ ထိုအ​ကြောင်း​တွေ တစ်​ခုမျှမသိ​ပေ။ ​ယခု ပ​ရောဂျက်​အသစ်​ ​အောင်​မြင်​မှ သူမတို့ ကုမ္ပဏီက ပြန်​၍ အ​ခြေအ​နေ​ကောင်းမည်​ ဖြစ်​​သော​ကြောင့်​ သူမမှာ ​အလွန်​ပင်​ပန်းခံ​နေခြင်း ဖြစ်​သည်​။ ထို့ပြင်​ အချို့​သော သူများက CEOအသစ်​ ခန့်​အပ်​ဖို့ရာ အာရုံစိုက်​​နေကြသည်​။ သူမအတွက်​က​တော့ CEOရာထူးထက်​ ကုမ္ပဏီပြန်​၍ အ​ခြေအ​နေ​ ကောင်းလာရန်​သာ အာရုံစူးစိုက်​​နေမိသည်​။ ​တွေးရင်း အာရုံ​ရောက်​သွားသည်​က သူမခင်​ပွန်းအသစ်​စက်​စက်​ဆီ......
***ငါ သူ့ကို ဘာလို့ ​တွေး​နေမိပါလိမ့်​***

ကံကြမ္မာက အံသြစရာပင်​။ သူ​ယောင်​လို့ပင်​ အိမ်​မက်​မက်​ဖူး​သော စည်းစိမ်​အပြင်​ အရမ်းအရမ်းကို လှပ​သောသူမနှင့်​ ဆုံခွင့်​​ပေးခဲ့သည်​။ အလုပ်​က သပ်​သပ်​တစ်​ပိုင်းဟု ယူဆထားပြီး သူမအ​ပေါ် ​တတ်​နိုင်​သ​လောက်​ ​​စေတနာထားရန်​ သူဆုံးဖြတ်​ထားသည်​။
***ကားသံကြားတယ်​ သူပြန်​လာပြီထင်​တယ်​***
Soo- Park Chanyeol shi ဒီ​နေ့ည ပါတီရှိတယ်​ အဲ့ဒါ ရှင်​ပါလိုက်​ရမယ်​ ​ကောင်း​ကောင်းမွန်​မွန်​ ဝတ်​ထားပါ​နော်
သူမအ​ပေါ်ထပ်​တက်​ရန်​ ပြင်​​ပြီးမှ-
"​အော်​ ကျွန်​မတို့ ခဏ​နေရင်​ ထွက်​မယ်​ အဝတ်​အစားလဲထား လိုက်​​တော့​နော်​"
သူလည်း ရှိသမျှနှင့်​ တတ်​နိုင်​သ​လောက်​ ဝတ်​စားထားလိုက်​ပြီး သူမကို ​စောင့်​​နေမိသည်​။ သူမအ​ပေါ်ထပ်​က ဆင်းလာ​လေ​သောအခါ နတ်​ဘုံက နတ်​သမီး​လေးတစ်​​ယောက်​ ဆင်းလာသလို သူ့မှာ ​ငေးခနဲ။
***မင်း သိပ်​လှတယ်​ Sooရယ်​***
သူမကသူ့ကို ​ခြေဆုံး​ခေါင်းဆုံးကြည့်​ပြီး
"Park Chanyeol shii ခဏ" ဟုဆိုကာ ​​ရေချိုးခန်း​ရှေ့တွင်​ မတ်​တပ်​ရပ်​​နေ​လေ​တော့
*** အင်းးးး ဘာလုပ်​မလို့ ပါလိမ့်​***
ရေချိုးခန်း​ရှေ့​ရောက်​​တော့ သူမက သူ့အ​ပေါ်ကုတ်​ကို ချွတ်​လိုက်​ပြီး
"Ajuma ဒါ​လေး ဆိုဖာ​ပေါ် ခဏ တင်​ထား​ပေးပါ"
Ajumaက​တော့ ကုတ်​အင်္ကျီကိုယူကာ ရယ်​ကျဲကျဲနှင့်​ ထွက်​သွား​လေပြီ။ ​ရေချိုးခန်းထဲ​ရောက်​​တော့ သူ့ကို သဘက်​ခြုံ​ပေးပြီး
"ခုံ​ပေါ်မှာ ထိုင်​​လေ ရှင့်​အရပ်​က အရှည်​ကြီး ကျွန်​မ မမှီဘူး"
"Er er အင်း အင်း"
သူမ သူ့မျက်​နှာကိုကိုင်​ပြီး သူ့​မေး​စေ့တ​လျှောက်​ ဆပ်​ပြာရည်​သုတ်​လိုက်​သည်​။ ထို့​နောက်​ သဘက်​တစ်​ထည်​ကို လက်​မှာကိုင်​ပြီး သူ့ရဲ့ မုတ်​ဆိတ်​တိုနှံ့နှံ့​တွေအား ရိတ်​​တော့သည်​။
"ရှင့်​ကို လန့်​သွား​​စေမိရင်​ ​တောင်းပန်​ပါတယ်​ ကျွန်​မက ​ဖေ​ဖေ့ကို အဲ့လိုရိတ်​​ပေး​နေကျ​လေ" နူးညံ့​သော သူမလက်​ အထိအ​တွေ့​၊ နီးကပ်​လွန်း​သော သူတို့နှစ်​​ယောက်​ အ​နေအထားက သူ့ကို အသက်​ရှုကြပ်​​စေ​သော​ကြောင့်​ ခုံကိုသာ တင်းတင်းကိုင်​ထားမိသည်​။ အခန့်​မသင့်​၍ သူ့စိတ်​လွတ်​သွားလျှင်​ သူမကို........

***သူမ​၏ ချစ်​ခြင်းဝယ်​***Where stories live. Discover now