Episode.15

3.5K 411 19
                                    

(Zawgyi)

* Born To Love Do Kyung Soo *

(မပေါ်ကြဘူးဆိုလို့ ပြန်တင်လိုက်တာပါ )

:::::: အချစ်တွေ သိမ်းဆည်းလိုက်ရတော့မှာလား ::::::

ဆေးရုံမှာ စောင့်နေမယ်လို့ . . ခေါင်းမာနေတဲ့ jongin အဖေနဲ့ အမေကို အတင်းပြန်လွှတ်ပြီးနောက် . . လူနာခန်းထဲမှာ ကျွန်တော်နဲ့ jonginသာ ကျန်ခဲ့သည် ။

တစ်ခုခု တွေးပူနေဟန် ရှိနေသည့် jonginကို သူရဲ့ ပေါင်ပေါ် ခေါင်းအုံး အိပ်စေပြီး ဆံပင်လေးတွေ ပွတ်ပေးကာ အိပ်ပျော်အောင် သိပ်လိုက်သည် ။

မကြာမီ အချိန်အတွင်း jongin အိပ်ပျော်သွားခဲ့သည် ။

သူ သိတာပေါ့ . . Inလေးက သူ့ဆံပင်ကို အခုလို ပွတ်ပေးရင်း သိပ်ကြိုက်တာ . . သူအိပ်မပျော်တဲ့အခါတိုင်း အဲလိုလေး လုပ်ပေးနေကျ . . .

ကုတင်ထက်မှာ ရှိနေတဲ့ အခုထိ သတိမရသေးသော ကောင်မလေးကို ကြည့်ပြီး Kyung Soo သက်ပြင်းချလိုက်မိသည် ။

အဲကောင်မလေးကို သူသိတာပေါ့ . . အလယ်တန်းကျောင်းတည်းက Inလေးနောက်ကို တကောက်ကောက် လိုက်နေတဲ့သူ . . .

အဲတစ်ယောက် သူကို လာရှာတဲ့ ညနေခင်းတစ်ခုကို သတိရမိသွားတယ်

©© Flash Back Start ©©

'အဲဒါ jonginရဲ့ stalker မှတ်လား!'

'kyung sooဆီ တန်းတန်းမတ်မတ် လာနေသလိုပဲ'

သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့ပြီး စာလုပ်နေတဲ့ kyung soo. . သူငယ်ချင်းတွေ ဟြေနေတဲ့နေရာကို လှမ်းကြည့်လိုက်တော့ . .

စိတ်ညစ်သွားသည် ။ သူဘက်ကို ပြဿနာ လာရှာပြန်ပြီ . .

အရင်တည်းက ဖုန်းတွေဆက်ပြီး jonginအနားက ခွာဖို့ အမြဲဟြေခဲ့တဲ့သူမက အခု ကိုယ်တိုင် လာနေပါလားး . .

Inလေးသာ သူမကို ချစ်ရင် . . သူမ ဟြေသလို ရှောင်နေမိမှာ . . ဒါပေမဲ့ Inလေးကမှ မချစ်တာ . . ငယ်ငယ်တည်းက တည်ဆောက်ထားတဲ့ သံယောဇဉ်တွေကို သူအတွက်နဲ့တော့ ဖျက်ဖို့ စိတ်ကူးမရှိတာ အမှန်ပဲ . . .

သူကို အဲလိုတွေ ဖုန်းဆက်ဟြေနေမှန်း Inလေးသာ သိသွားရင် သူမ လွယ်မှာ မဟုတ်ဘူးး . . .

Born To Love Do Kyung Soo || COMPLETED || Where stories live. Discover now