8.3K 914 9
Zawgyi Version
( scroll down for Unicode )
ယန်အိမ်တော်နှင့် ဒုသခင်လေးအပေါ်သို့
ဤဝမ်းနည်းစရာအဖြစ်ဆိုးကြီး
ကျရောက်ပြီးနောက်ပိုင်း...
ဒု သခင်လေးအတွက်မှာမူ
ငရဲကျနေသည့်အလားပင်ဖြစ်သည်။
သို့သော် ... ထို ငရဲ တွင်
သူ့အား အစာစားရန်
တိုက်တွန်းမည့်သူရှိနေသည်။
အစာ,ရေမှစ၍ ကျင်ကြီးကျင်ငယ်တိုင်အောင်
အသေးစိတ်ပြုစု ဂရုစိုက်ပေးမည့်သူရှိနေသည်။
ထို့အပြင်...
သူ့အား တဖန်ပြန်လည်ရပ်တည်လာနိုင်အောင်
စေ့ဆော်ပေးနေသောတစ်စုံတစ်ယောက်လည်း
ရှိနေခဲ့ပေသည်။
⚪ 🔹⚜️⚜️⚜️🔹⚪
ထိုနေ့မှစ၍ ...
ဒု သခင်လေးအား
ဆေးထည့်ရန်နှင့် အစာကျွေးရန် နည်းလမ်းတစ်ခုအား ကျွန်မ ရှာဖွေတွေ့ရှိသွားခဲ့သည်။
နောက်ပိုင်းတွင်
ဒု သခင်လေးသည် ကျွန်မအား ဆူပူမနေတော့။
ထိုအစား...
ကျွန်မ ဖြစ်တည်မှုကိုသာ
သူလစ်လျူ ရှုပစ်လိုက်သည်။
နေ့တိုင်း ...
တစ်ပုံစံတည်း မပြောင်းမလဲလှဲလျောင်းရင်း
မျက်လုံးများ ပြူးကြောင်ကြောင်နှင့်
မျက်နှာကြက်ကို စိုက်ကြည့်နေမြဲ။
အိပ်ရာပေါ်တွင်ပင် စားသည်။သောက်သည်။
ကျင်ကြီးစွန့်သည်။ကျင်ငယ်စွန့်သည်။
'စားသည်'နှင့် 'သောက်သည်'
ထိုပထမနှစ်မျိုးကို ကျွန်မက ဒုက္ခခံရသော်လည်း
ဒု သခင်လေးကတော့
ဒုတိယနှစ်မျိုးအား ဒုက္ခခံရသည်။
ဒု သခင်လေးမှာ အိပ်ရာပေါ်မှမဆင်းနိုင်သော
အခြေအနေဖြစ်သောကြောင့်
မကြာခဏ အခန်းသို့သွားကာ ထိုကိစ္စများအား
ကျွန်မပဲ တာဝန်ယူပေးရသည်။
ကျင်ငယ်စွန့်ရာတွင်...
ဒု သခင်လေးသည် ငါးသေတစ်ကောင်လို
ပြုမူနေ၍ ရသေးသည်။
ကျွန်မက ဆီးအိုးအား
မှန်ကန်သော ထောင့်ကိုချိန်၍
ကိုင်ထားပေးလိုက်ရန်သာလိုသည်။
သို့သော်ငြား...
ကျင်ကြီးစွန့်ခြင်းသည် ဒု သခင်လေးအတွက်မှာ
သေမင်းနှင့်စစ်ခင်းနေရသကဲ့သို့ပင်ဖြစ်သည်။
ကျွန်မတို့ဒုသခင်လေး Where stories live. Discover now