Part - 1

58 9 1
                                    

Mr.Lin congratulation , So when will you go back to your mother country?

ဘွဲ့ယူပြီး အခန်းအပြင်​အထွက်​ ပါ​မောက္ခက လှမ်းပြီးနှုတ်​ဆက်​လိုက်​သည်​မို့
" thank you professor , i'll probably go back tomorrow "

***************

မင်္ဂလာပါ ကျ​တော်​က လင်းခန့်​ပါ submarine science စ​ကော်​လာနဲ့ ဆွစ်​ဇာလန်​တက္ကသိုလ်​က​နေ ဘွဲ့ရပြီးပါပြီ။ ဒီ​နေ့က ကျ​တော့အသက်​ ၂၃နှစ်​ပြည့်​သလို မြန်​မာနိုင်​ငံကို ပြန်​ဖို့လဲ ပြင်​ဆင်​​နေပြီးပါပြီ။

- "line"

ရုတ်​တရက်​ ဝင်​လာတဲ့ Line message​ကြောင့်​ အဝတ်​အစားထည့်​​နေရင်း လင်းခန့်​ တ​ယောက်​ ဖုန်းကိုလှမ်းယူလိုက်​သည်​။

- I miss you -

'i miss u ဆိုပါလား' လင်းခန့်​ ဖုန်းကို lockဖွင့်​ပြီး Lineထဲဝင်​လိုက်​သည်​။ ပြီး​နောက်​ Messageပို့လိုက်​​သော သူရဲ့ Idကို ဖွင့်​ကြည့်​လိုက်​သည်​။

: iwillnotgiveup :

' i will not give up ? ' ခပ်​စိမ်းစိမ်း Id တခုမို့ Reply မပြန်​​တော့ပဲ ဖုန်းကို ပြန်​ပိတ်​လိုက်​ပြီး အဝတ်​အစားကိုဆက်​ထည့်​ပြီး မြန်​မာပြည်​ပြန်​လက်​​ဆောင်​တချို့ကိုပါ ခွဲထည့်​ပြီး ပြင်​ဆင်​ထားလိုက်​သည်​။

ထို့​နောက်​ အိပ်​ယာ​ပေါ်လှဲလိုက်​ပြီး တခဏတာ အိပ်​စက်​ခြင်းဖြင့်​ အနားယူလိုက်​သည်​။

**************

on airplane ,

လင်းခန့်​ထိုင်​ရသည့်​ ခုံက ပြတင်း​ပေါက်​​ဘေးမှာမို့ ဘာရယ်​မဟုတ်​ပဲ အပြင်​သို့​ငေးကြည့်​လိုက်​သည်​။
တ​ရွေ့​ရွေ့နဲ့ ကျန်​ရစ်​​နေခဲ့တဲ့ တိမ်​လွှာတို့က တချိန်​က နုပျိုမှုနဲ့ မနူးမနပ်​ လင်းခန့်​ရဲ့ ပုံရိပ်​​လေး​တွေလို...
မှန်​ရဲ့ အရိပ်​ထဲမှာ​တော့ ​ပြောင်းလဲမှုများကို လက်​ခံထားရတဲ့ လက်​ရှိ လင်းခန့်​ရဲ့ ပုံရိပ်​။

' အနာဂတ်​ကို တလှမ်းချင်းသွား​နေရတဲ့ လူ့ဘဝမှာ အတိတ်​ဆိုတာ မလွဲမ​သွေ ဖြတ်​သန်းခဲ့ရတဲ့ ဘူတာရုံတခုလိုပါပဲ '

လင်းခန့်​မျက်​စိကို မှိတ်​ပြီး ခဏတာ အိပ်​​ပျော်​သွား​လေသည်​။

- လင်းခန့်​ ...
- အင်း ​ကျေးဇူးတင်​ပါတယ်​။ သွား​တော့ သူမင်းကို​ခေါ်​နေပြီမလား မင်း​ပျော်​စရာအချိန်​​လေး​တွေကို ငါမ​နှောက်​ယှက်​​တော့ပါဘူး။

နောက်​လှည့်​​ပြေးသွားတဲ့ သူ့​ကျောပြင်​ကို ကျ​တော်​​ငေးကြည့်​​နေဆဲ။ အစွမ်းကုန်​ပြုံးထား​ပေမယ့်​ ...

.....

ရုတ်​တရက်​ တ​ယောက်​​ယောက်​က ပုခုံးကို လှုပ်​နှိုးသလို ခံစားရတာ​ကြောင့်​ လင်းခန့်​ မျက်​စိကို ဖွင့်​ကြည့်​လိုက်​သည်​။

အထက်​​အောက်​ အပြာရင့်​​ရောင်​ uniform နဲ့ ​လေယာဉ်​မယ်​က မြန်​မာပြည်​ကို ​ရောက်​ပါပြီလို့ ​ပြောလာသည်​။

အားနာစွာနဲ့ ​ကျေးဇူးတင်​ပါတယ်​လို့​ပြောရင်း အိပ်​​ပျော်​သွားတဲ့ ကိုယ့်​အဖြစ်​ကို ရယ်​မိလိုက်​သည်​။

******

luggageကို ဆွဲပြီး ပြည်​ဝင်​ ဂိတ်​​ပေါက်​က​နေ ဝင်​လာခဲ့သည်​။ ပထမဆုံး ​လေအ​ဝေ့မှာ မြန်​မာနိုင်​ငံရဲ့ အ​ငွေ့အသက်​ကို ပြန်​လည်​ခံစားလိုက်​ရ၍ အားရ​ကျေနပ်​လိုက်​မိသည်​။

၅နှစ်​တာ ​ဝေးကွာ​နေခဲ့ရ​သော ...

ခရီး​ဆောင်​အိတ်​ကို ဆွဲပြီး တက္ကဆီငှါးဖို့ ပလက်​​ဖောင်းရှိရာ လမ်း​လျှောက်​လာစဉ်

" welcome back "

အသံသြသြတခု အ​နောက်​က လှမ်း​ပြောလိုက်​သည်​မို့ လှမ်းကြည့်​လိုက်​သည်​။

ဆံပင်​ရှည်​ရှည်​တို့က အခုချိန်​မှာ သပ်​ရပ်​စွာညှပ်​ထားပြီး​သော ..
တချိန်​က နားကပ်​များစွာ နား​ပေါက်​များစွာက အခုချိန်​မှာ ဘာမှမဝတ်​ထား​တော့​သော ...

တချိန်​က နုနယ်​​ခဲ့​သော ပုံရိပ်​က
ယခု
တည်​ငြိမ်​ရင်​ကျက်​​နေ​သော ....

သူ .........

" မင်းက လက်​​လျော့လိုက်​​ပေမယ့်​လို့ ငါက​တော့ မင်းလက်​​လျော့လိုက်​တာကို ငြင်းဆန်​တယ်​ "

သူ ကျ​တော့ဆီတလှမ်းချင်း ​လျှောက်​လာ​နေတယ်​ ... ဒီ​နေ့ ...

အရင်​ အတိတ်​က တ​နေ့က​တော့ သူ့​ကျောပြင်​ကို ကျ​တော်​​ငေးကြည့်​ခဲ့တယ်​ ...

ဒီ​နေ့က မိုးမရွာပါဘူး
လေလည်းမကြမ်းသလို တိမ်​လဲမထူပါဘူး ....

ဒါ​ပေမဲ့
ရာသီဥတု သာယာ​နေဆဲပါ
Date - 11.6.2017

********************
ဆက်​ရန်​ ~

ချစ်​ရပါ​သော.....Where stories live. Discover now