ဒီနေ့ ရွှေတိဂုံဘုရားသွားမယ်လို့ စိတ်ကူးပေါ်လာတာနဲ့
ရေမိုးချိုး အဝတ်အစားလဲပြီး အိမ်အောက်ထပ်ဆင်းလာခဲ့သည်။
မေမေက breakfastပြင်နေရင်း
"သား .. လင်းခန့် ဘယ်သွားမလို့လဲ ပြန်ရောက်တုန်း နားနားနေနေနေပါလားကွယ်"ကျတော်ပြုံးလိုက်ပြီး မေ့မေ့ဆီလျှောက်သွားလိုက်သည်။
"သား အဆင်ပြေပါတယ်မေမေရဲ့။ ရွှေတိဂုံဘုရားသွားဖူးချင်စိတ်တွေပေါ်လာလို့" ပြောရင်း မေ့မေ့ပါးကို နမ်းလိုက်သည်။
မေမေက ရယ်ရင်း "ဘုရားသွားတာတော့ ကောင်းပါပြီ။ မနက်စာစားမသွားဘူးလား။ ရဲထွဋ်ရောပါလား။""မစားတော့ပါဘူးမေမေရယ် အပြင်ရောက်မှပဲစားတော့မယ်။ နေမပူခင်လေး သွားချင်လို့။"
-ရဲထွဋ်ကိုတော့ ခေါ်မသွားတော့ပါဘူးလို့-စိတ်ထဲမှ တိုးတိုးလေးပြောလိုက်မိသည်။
....
....
နံပါတ် ၂၉ Ybsကားလေးပေါ်မှာ သချင်းတငြိမ့်ငြိမ့်နားထောင်ပြီး ပြောင်းလဲနေစ ရန်ကုန်မြို့ကြီးကို ကြည့်ရင်းလိုက်ပါလာခဲ့သည်။
ဗဟန်းသုံးလမ်း မှတ်တိုင်မှာဆင်းပြီး အောက်လမ်းကနေ အထက်စက်တော်ရာက ရွှေတိဂုံကို လှမ်းမျှော်ကြည့်လိုက်သည်။
ကြည်နူးမှုတို့ တရိပ်ရိပ်တို့နဲ့အတူ အာမန်အပြည့်ခြေလှမ်းတို့နဲ့။နိဗ္ဗာန်ကုန်ဆိုင်နားအရောက် ရင်းနှီးနေခဲ့သော အသံတစ်ခုနဲ့ ရယ်သံလွင်လွင်လေးကို ကြားလိုက်ရသဖြင့် အမှတ်တမဲ့ လှမ်းကြည့်လိုက်မိသည်။
သူမသည် အရမ်းချောပါသည်။ အရင်ကလည်း ချောခဲ့သည်မို့ ယခုအချိန်မှာ ပို၍တောင်ချောနေပါသေးသည်။ ပြင်ပြင်ဆင်ဆင်နေတတ်လာခဲ့အရွယ်မို့ သူမ၏ အလှတရားတို့က ဖုံးမရဖိမရအောင် ပေါ်လွင်နေသည်။
"စိုး" ...
သူမဘေးမှာတော့ သူ...
ရဲထွဋ်ရဲထွဋ်နဲ့စိုးတို့ အရမ်းလိုက်ဖက်ညီပါသည်။
လင်းခန့် ပြုံးလိုက်မိသည်။ အရင်ကတည်းက လင်းခန့်က အရှုံးသမားပဲလေ။ထို့နောက် ဘုရားဘက်သို့သာ အာရုံစိုက်ပြီး ခြေဆက်လှမ်းလိုက်စဉ်..
တစုံတယောက်က လင်းခန့် လက်မောင်းကို အနောက်က ဆွဲထားပြီး
" မင်း ဘုရားတက်မယ်လို့ ငါ့ကို ဘာလို့ ကြိုမပြောတာလဲ "သူ...
သူ့ အသံကြားလိုက်ရသည်မို့ ရုတ်တရက် လန့်သွားပြီး
အနောက်ကို ပြန်လှည့်ကြည့်လိုက်မိသည်။
သူ့မျက်နှာတော့ အလိုမကျခြင်းတွေနဲ့။"အော် ရဲထွဋ် အင်း.. မင်းမအားဘူးထင်လို့ ငါမပြောတော့တာ"
ထို့နောက် ... ရဲထွဋ်က လင်းခန့်ကို အတင်းဆွဲခေါ်သွားသည်။သူမ...
ရဲထွဋ်က စိုး ရှေ့အရောက်တွင်
"စိုး နင် လင်းခန့်ကို မှတ်မိသေးလား"
သူမက လင်းခန့်ကို အတန်ငယ်ကြာအောင် စိုက်ကြည့်ပြီး "ဟေး ငါသိတာပေါ့ ငါတို့ကျောင်းမှာ စာတော်ပြီး ဖြူဖြူချောချောကောင်လေးက နှစ်ယောက်မှမရှိတာ" စိုးက ရယ်ရယ်မောမောပြောရင်း
လင်းခန့်ကို ဖက်ထားလိုက်သည်။ထို့နောက် ရဲထွဋ်က လင်းခန့်လက်ကို ပြန်ဆွဲလိုက်ပြီး
" စိုး တော်လောက်ပြီ။ သူငယ်ချင်းဆိုပေမဲ့ ငါသဝန်တိုတယ်ဟ "လင်းခန့် ထိုးစကားကြောင့် ရင်ထဲ မှိုင်းသွားခဲ့သည်။
အေးပေါ့လေ ငါက သူငယ်ချင်းလေ။ သူနဲ့ စိုးက ....အတွေးတို့မဆုံးသေးခင် ...
" ငါ လင်းခန့်ကို ရည်းစားစကားပြောထားတာ မကြာသေးဘူး ငါ ၄နှစ်နီးပါးတောင်စောင့်ခဲ့ရတာ "လင်းခန့် အံ့သြစွာနဲ့ ရဲထွဋ်ကိုမော့ကြည့်လိုက်သည်။
ရဲထွဋ်ကလည်း သူ့ကို ပြန်ပြုံးပြသည်။စိုးက အားရပါးရရယ်ရင်း
" မသာကောင် ရဲထွဋ် နင်က ပိုကိုပိုတယ် "လင်းခန့်လဲ ရှက်ရှက်နှင့် ဆိုင်ထဲက အပြေးတပိုင်းထွက်လာခဲ့သည်။ သို့သော် ကြားဖြစ်အောင် ကြားလိုက်သည်က ...
" ရဲထွဋ် မြန်မြန်လိုက်သွား တော်ကြာ နင့်ကောင်လေးကို သူများမသွားမယ် " တဲ့ ပြီးတော့ စိုးရဲ့ ရယ်သံလွင်လွင်လေးနဲ့ သူ့နောက်က ပြေးလိုက်လာတဲ့ ... ရဲထွဋ်ဒီနေ့က
ရာသီဥတု အရမ်းသာယာပါတယ်
့မြင်မြင်သမျှ စိမ်းစိမိးစိုစိုအတိ....Date - 14.6.2017
By - Min
*****************
ဆက်ရန် ~
YOU ARE READING
ချစ်ရပါသော.....
Romanceကျတော်သူ့ကို ချစ်ပါတယ် ဒီနေ့လည်း ချစ်တယ် ... နောက်နေ့တွေမှာလည်း ဆက်၍ချစ်နေမယ် .........