Part 2

35 9 0
                                    

ဇွန်​လရဲ့ မိုးဖွဲ​လေး​တွေက ​တောင်​ ​လေကို အ​ဖော်​အဖြစ်​​ခေါ်လာခဲ့တယ်​။

မိုး​ပြေး​လေး​တွေ လျှပ်​​ပြေးသွားတဲ့ ​မြေနံ့သင်းသင်း​လေး​ပေါ် နင်း​လျှောက်​ရင်း
ကျောင်း​တော်​ကြီးဆီ ​ပြေးသွား​နေကြတဲ့ အပြစ်​ကင်းစင်​တဲ့ အပြုံး​တွေနဲ့ ​ကျောင်းသား​ကျောင်းသူ
များကိုကြည့်​ရင်း လင်းခန့်​ပြုံးလိုက်​မိသည်​။

တချိန်​ကလဲ သူတို့ ဒီလို ​ပြေးသွား​နေခဲ့ကြဆဲ.....

ပြန်​လည်​ ​အောက်​​မေ့သတိရယုံကလွဲလို့ ဘာမှမတတ်​နိုင်​​တော့တဲ့ အ​ခြေအ​နေတခုမို့
လင်းခန့်​ပြုံးလိုက်​မိသည်​။

" You leave me breathless ... "

phone ringtoneသံ​ကြောင့်​ ​ဘောင်းဘီ အိပ်​ကပ်​ထဲက ဖုန်းကိုထုတ်​ကြည့်​လိုက်​သည်​။
screen​ပေါ်မှာ​တော့ စကားလုံး တလုံးတည်းနဲ့ မှတ်​ထားတဲ့ contact ​လေး

- သူ -

"hello"
..
" မင်းဘယ်​သွား​နေတာလဲ မိုးပွား​လေး​တွေ ကျ​နေတယ်​ မင်းမ​နေ့ကမှ ပြန်​​ရောက်​တာ ဖျား
နေဦးမယ်​ "
..
" ငါဘယ်​မှ မသွားပါဘူး အရင်​က ငါတို့တက်​ခဲ့​ကျောင်း​ရှေ့မှာ .. "
..
" မင်း ငါ့ကို ထပ်​ပြီး ထားခဲ့ဖို့ စဉ်းစား​နေတာလား "
..
လင်းခန့်​ ခပ်​ဟဟ ​လေးရယ်​လိုက်​သည်​။ အ​တွေးထဲမှာ​တော့ အိပ်​​နေရင်း ရုတ်​တရက်​​ပျောက်​သွားတဲ့
လင်းခန့်​ကို လိုက်​ရှာ​နေမဲ့ ရဲထွဋ်​ကို မြင်​​ယောင်​လာသည်​။
" အရူး .. ငါသာ ထွက်​သွားမယ်​ဆိုရင်​ မင်းဖုန်းကို ကိုင်​ဦးမလား "
..
..
ခဏတာ တိတ်​ဆိတ်​မှုက သူတို့နှစ်​​ယောက်​ကြား ကြီးစိုးသွားပြီး ..
" ငါ့ကို မထားခဲ့ပါနဲ့ လင်းခန့်​ "
-
-
မထားခဲ့ပါနဲ့တဲ့လား ...
တကယ်​ဆိုရင်​ အဲဒီစကားက လင်းခန့်​​ပြောရမဲ့ စကားပါ
တကယ်​ဆိုရင်​ အရင်​ဆုံး ချစ်​မိသူက လင်းခန့်​ပါ

မိုးက တ​ဖြေး​ဖြေးနဲ့ သည်းလာ​လေပြီ ​ကျောင်းစိမ်း​လေး​တွေနဲ့ သုတ်​​ခြေတင်​​ပြေးလွှား​နေတဲ့ ​ကျောင်းသား​လေး​တွေကိုကြည့်​ရင်း .....
..
..
..
( flash back - ​နောက်​​ကြောင်းပြန်​စဉ်းစား​နေစဉ်​ )
"" အဲဒီ​နေ့က မိုးဖွား​လေး​တွေ ကျ​နေခဲ့ဆဲပါ။ ထီးယူလာဖို့ ​မေ့ခဲ့သည်​မို့ လင်းခန့်​ ​ကျောင်းပဲဆက်​သွားရမလို အိမိလှည့်​ပြန်​ရမလို။

ချစ်​ရပါ​သော.....Where stories live. Discover now