မိုးတိမ်ဖြူတို့သည်လည်း

300 40 3
                                    

''မိုးတိမ်ဖြူတို့သည်လည်း ... ''

                                                         

            ဟိုးအောက်ခြေနားဆီက မှုန်ပြပြမြင်နေရသောလယ်ကွင်းစိမ်းလေးတွေ၊တောင်ကုန်းလေးတွေကို မြင်နေခိုက်မှာ  ခင်လေး ရင်တွေတိုးတိတ်စွာ ခုန်ပေါက်လာလေသည် ။ မကြာခင်မှာသူမစီးလာသောလေယာဉ်ကြီးသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ပေတော့မည် ။ သူမကိုယ်ပေါ်မှာ အသာခြုံထားသော ပုဝါပါးကလေးကိုပြန့်ပြူးစေရန် လက်ဖြင့် သေချာပြင်ရင်း စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်သည် ။ နောက်ဆုံးတော့ သူမအိမ်ပြန်ရောက်ပြီ ။ရှစ် နှစ်လုံးလုံး ဝေးကွာခဲ့သော မြေကို သူမ ခြေချခွင့်ရခဲ့ပြီ ။MRCP တက်ရင်းမြန်မာပြည်သို့မပြန်ဘဲ ဒီဘက်ကဆေးရုံမှာဂျွိုင်းပြီးအလုပ်ဝင်ခဲ့ပေမယ့် တကယ်တမ်းကျတော့ သူမသည် မြန်မာပြည်နှင့် မြန်မာအစားအစာတွေကိုသာ ပိုမက်မောတတ်မှန်းလည်း သေချာ သိခဲ့ရပြီ ။ ဒီကလူတွေ သင်္ကြန်လည်ပတ်ချိန်၊သီတင်းကျွတ် ပွဲဈေးတိုးချိန်တို့မှာ ရိုက်ထားသောဓါတ်ပုံတွေ social mediaမှာ မြင်ရတိုင်း မြန်မာပြည်ကို လွမ်းစိတ်ကြောင့်သူမ မျက်ရည်ကျတတ်ခဲ့ပြီ။အခုချိန်မှာတော့သူမသည် ဟိုးအရင်က ရှက်ရွံ့စွာပြေးထွက်ခဲ့သော ၊ စိတ်နာတတ်သော  ၊ဒေါသကြီးသော ခွင့်မလွှတ်တတ်သော မြတ်လေးခင် မဟုတ်တော့ ။ အရာရာကို သည်းခံခွင့်လွှတ်တတ်သော ရင့်ကျက်သော သူမ ဖြစ်လာခဲ့ပြီ ။ အချိန်တို့သည် အရာရာကိုကုစားခဲ့သည် မဟုတ်ပါလား ။
သူရော ....။
အခုချိန်လမ်းမှာတွေ့ခဲ့ရင် အရင်လို ဟန်ဆောင်ပြီးနေဦးမှာလား ။ဟင့်အင်း ၊ဟန်ဆောင်ခြင်းအတတ်ပညာကို ခင်လေးသည် သူ့လောက်မကျွမ်းကျင်ရိုးအမှန် ပင်။ သူကတော့တစ်ဖက်ကမ်းခတ်တတ်ကျွမ်းခဲ့သည်မဟုတ်လား ။

''ကျွန်တော့ကို ခွင့်လွှတ်ပါ ဗျာ''

ခွဲခွာ ခဲ့စဉ်နောက်ဆုံးအချိန်က သူ့ပါးကိုခပ်လွှဲလွှဲရိုက်မိချိန်မှာ သူ့မျက်ဝန်းထက် က မျက်ရည်စတွေနှင့် နာကျင်စွာ တောင်းပန်ခဲ့သည်ဘဲ။အရာအားလုံးကိုမေ့ပစ်ခဲ့နိုင်ပေမယ့် သူမရင်ထဲက အချစ်စိတ်ကိုတော့ မေ့ဖို့ညာလို့မရ ။ ဘဝမှာတစ်ခါသာချစ်ခဲ့ဖူးသူမဟုတ်ပါလား ။ ခင်လေးမျက်ဝန်းအစုံကိုမှေးမှိတ်လိုက်စဉ် မျက်လုံးထောင့်စွန်းမှာ မျက်ရည်တို့ခိုရစ်လေသည် ။ ထို့အတူ သူမ ရင်အစုံသည် လည်း .......။

You've reached the end of published parts.

⏰ Last updated: Jan 21, 2018 ⏰

Add this story to your Library to get notified about new parts!

မိုးတိမ်ဖြူတို့ သည်လည်းWhere stories live. Discover now