ကျွီခိုင်ခံသောရှေးဟောင်းကျွန်းတံခါးကြီးပွင့်
ဟသံနှင့်အတူ အိမ်တော်ထဲသို့ဝင်လာေ
သာ အရှင်သခင်နှင့်နောက်လိုက်သား
များ။အရှင်သခင်ဆိုသော ဆောင်ပုဒ်နှင့်
အညီ ပြတ်သားတည်ကြည်မှုက အထင်း
သား။နှစ်ဖက်နှစ်ချက်ဝန်းရံနေသော
အစေခံများက ဦးညွှတ်ကာ အရိုအသေ
ပေးလျှက်။သို့သော် သခင့်စိတ်ထဲတွင်
အလိုမကျမှုကမျက်နှာတွင်အထင်းသား။
တွန့်ကျုံ့နေသောမျက်ခုံးနှစ်ခုကထိစက်နိုး
နိုး စူးရှတဲ့မျက်ဝန်းအစုံက တွေ့ချင်သော
အရုပ်လေးအား မတွေ့ရသဖြင့် အခြွေအ
ရံများ၏ရှေ့တွင်ရပ်နေသော အိမ်တော်ထိ
န်းကြီးအား အလိုမကျစွာကြည့်လျှက်
" Mr Kim ကျုပ်ကလေးဘယ်မှာလဲ
ဟမ် ခင်ဗျားကိုကျုပ်ပြောမထားဘူးလား ကျုပ်ခရီးကနေရောက်တာနဲ့ကလေးကိုကျုပ်ရှေ့ရောက်နေတာမြင်ချင်တယ်ဆိုတာ တောက် "ဒေါသနှင့်ဟိန်းဟောက်သံများက အိမ်
တော်ကြီးတခွင် ပျံ့နှံသွားသည်။အစေခံ
များကလည်းကြောက်ရွံတုန်လှုပ်စွာခေါင်း
ပင်မဖော်ရဲကြ။Mr.Kimဆိုသူကလည်း
တဟို ဟို ဖြင့် ခါးကိုင်းကာ ထပ်ခါတလဲ
လဲတောင်းပန်နေသည်။
" တော်တော့ Mr Kim ခင်ဗျားကဒီအိမ်ရဲ့ဝါရင့်သစ္စာတော်ခံမို့ ဒီတခါတော့ခွင့်လွှတ်လိုက်မယ် နောက်၁ခါကလေးကိုမျက်စိဒေါက်ထောက်လိုက်မကြည့်နိုင်ရင်တော့ ငါ့အဆိုးမဆိုကြနဲ့ ကြားကြလား
သွားကြတော့အကုန် Mr Kimနေခဲ့ "" ဟုတ်ကဲ့ပါ သခင်လေး"
တူညီစွာထွက်ပေါ်လာသောအသံနှင့်အတူ ညီညာစွာ ဦးညွှတ်နှုတ်ဆက်ကာ
အခန်းမှ အလျိလျိုထွက်သွားကြသည်။
" Mr Kim ကလေးလာရင် ကျုပ်အခန်းထဲလာဖို့ပြောလိုက် "
VOUS LISEZ
မာနရဲ့အလွန်
Roman d'amourအနိုင်ယူမယ် ချစ်လွန်းလို့ ရက်စက်မယ် မင်းရဲ့စိတ်ထဲမှာငါရှိနေအောင် ဒဏ်ရာဒေပေးမယ် မင်းငါ့ကိုမမေ့နိုင်အောင် #Chanyeol ဟက် အရှုံးပေးထားပါတယ်ဆိုတဲ့လူကိုမှ ထပ်ပီးအနိုင်ယူချင်တာလားသခင် လူကဆင်းရဲပေမဲ့ မာနကတော့သခင့်ထက်ချမ်းသာတယ် #Byun Hyunne