အပိုင်း ၁၀

20.9K 1.1K 31
                                    

အရှင်အခန်းထဲ ပြန်ရောက်တော့
ဟို ကောင်လေး နဆု က အိပ်ပျော် နေလေရဲ့ ...

အရှင် အိပ်ပျော်နေတဲ့ ကောင်လေး ဘေးနား ၀င်အိပ်လိုက်တယ် ပြီး နဆု လေးရဲ့ ခေါင်းကို သူ့လက်မောင်းပေါ်တင်ပေးလိုက်တယ်

" ကောင်လေး အိပ်ပုတ်ကြီး တာကျန်း စောင်တောင် မခြုံအိပ်ဘူး "
ဆိုပြီး ကောင်လေး နဆု ကို စောင်ခြုံပေးလိုက်သည်

အရှင်စိတ်ထဲမှာတော့ အင်္ကျီပွပွလေး နဲ့ ကောင်လေး နဆု အရမ်းချစ်ဖို့ကောင်းတယ်ဆိုတာ ၀န်ခံပါတယ်

အခုတောင်မှ သူ့စိတ်တွေ ထဖေါက်မှာဆိုးလို့ မနည်းစိတ်ထိန်းနေရတယ်
အရှင် စိတ်ထဲ အမျိုးအမည်မသိတဲ့ခံစားချက်လေးတွေု
ဖြစ်တာ ဒီကောင်လေး နဆု ကြောင့်.....

" အင်းးးးးး !!!! Ommm......! Ummm...!! " နဆု အိပ်နေရင်း ယောင်ပြီး အရှင် ကိုယ်ကို ဖက်ပြီး ခြေထောက်တစ်ဖက် တင်လိုက်တယ်

" မသာလေး အိပ်တာလဲ ကောင်းကောင်းမအိပ်ဘူး ငါ့ကိုသူ့ ဖက်လုံးများမှတ်နေလား မသိဘူး 😒😒😒"

အရှင်စကားကြောင့်လား မသိ !!!

နဆု အရှင့်ရင်ခွင်ထဲ ပိုပို တိုးပြီး တင်းတင်းကြပ်ကြပ် ဖက်လိုက်တယ်
ပါးစပ်ကလည်း " ဟယ် ... ဟယ် ... အရှင် ... အရှင်က အရမ်းချစ်ဖို့ကောင်းတာပဲ .. အာပွားးးးး 😘😘" ဆိုပြီး နှုတ်ခမ်းဆူပြီးလုပ်နေတာ

အရှင်က တကယ်မှတ်လို့ လက်နဲ့ ကောင်လေးကိုပြန်တွန်း ထုတ်လိုက်တယ်
နောက်တော့ ဘယ်ဟုတ်မလဲ မသာကောင်လေး အိပ်ရင်းနဲ့ထယောင်နေတာ 😒

နဆု အရှင်ကို တင်းကြပ်စွာ ဖက်ထားဆဲ ..........

နောက်တော့ အရှင်လည်း နဆု လေးကို ဖက်ထားလိုက်ပြီး ပြန်အိပ်လိုက်တယ်

____________________________      

နဆု တစ်ရေးနိုး ထကြည့်တော့ အရှင် အိပ်ယာ မှာ မရှိတော့ဘူး

အပြင်ထွက် ပြီး အခြား Vampire တွေကို မေးကြည့်တော့
အရှင် ပန်းဥယျာဉ်ထဲမှာ ရောက်နေတယ် တဲ့ နောက်ပြီး အထူးဧည့်သည်နဲ့ရှိနေတယ်လို့ပြောတယ်

နဆု သွားကြည့်တော့ အရှင်ဘေးမှာ

ပန်းတကာထက် လှပတဲ့ .....
နတ်သားလောက်ချောမောလှပတဲ့ ....
ကောင်လေး တစ်ယောက်နဲ့....

*အရှင်က ကောင်လေးတွေရဲ့သွေးပဲသောက်တာလေ *

နဆု စိတ်ထဲ ၀င်လာတဲ့အတွေးတွေ ကတော့
""အဲ့ကောင်လေး နဲ့အရှင်နဲ့ တော်တော် ရင်းနှီးပုံ ရတယ်

အရှင်ကလည်း ပြုံးနေလိုက်တာ ဟိုကောင်လေးနဲ့ စကားပြော နေတာ

ဟိုကောင်လေး ကလည်း အရှင်ပုခုံးကို ကိုင်ပြီး ပြုံးနေလိုက်တာ
ဟာ .. ဘာတွေလဲ အရှင် ... အရှင်နဲ့ သူနဲ့ဘယ်လို ပတ်သတ်တာလဲ ???  နန်းတော် ကလူတစ်ချို့ပြောတာက တော့ သူက အရှင့် ရည်းစားဟောင်းတဲ့

အရှင်တကယ် ချစ်တဲ့လူက ပြန်လာပြီဆိုတော့ ကျွန်တော့်ကို ဘယ်လိုအပ်တော့မှာလဲ

အဲ့တာကြောင့် အရှင် ကျွန်တော်ကို ကာလန်စတန် ကို ပြန်ခိုင်းစေချင်တာမလား?

ရပါတယ် အရှင် ဟာဆာကီ ရယ် အရှင့် စကားအတိုင်းပါပဲ ..... """
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

အရှင် က တော့ သူ့မိတ်ဆွေနဲ့ စကားပြောပြီး အခန်းထဲပြန်လာတော့

နဆု မရှိတော့ဘူး

စားပွဲပေါ်မှာ  စာရွက်လေး တစ်ရွက်တွေ့တယ် ဖတ်ကြည့်တော့

✏✏✏✏✏အရှင့် အလိုကျအတိုင်း ကျွန်တော် ကာလန်စတန် ကို ပြန်တော့မယ် ✏✏✏

အရှင် ဒေါသ အလိမ်လိမ့် တက်ရင်း ....
" ဟက် ... ...မင်းက ငါ့ကို စိန်ခေါ်တယ်ပေါ့ ဟုတ်လား နဆု... မင်း နာကျင်ဖို့ ပြင်ဆင်ထားလိုက်တော့ နဆု "

✂✂✂✂✂✂✂✂✂✂✂✂✂✂✂✂✂✂✂✂✂

အပိုင်း ၁၁ မျှော် 😁😁😁😁😁
















vampire ရဲ့ ကချေသည် (Completed)Wo Geschichten leben. Entdecke jetzt