episode 1 (uni)

9.9K 474 4
                                    

လပြည့်ညဆိုတာ အရမ်း လှပြီး ...
တိတ်ဆိတ်ငြိမ်သက်လှပါတယ် ..
ဒါပေမဲ့ ကာလန်စတန် မှာ နေကြတဲ့လူတွေကတော့ ထိုလပြည့်ညကို အရမ်းကြောက်ကြပါတယ် .....
"ဝူး အူး _..........." (ခွေးများအော်သံ)

မကြာမီ Vampire တွေရောက်လာပီ ....

ထိုဒေသရှိလူငယ် လူကြီးတွေကတော့ ကြောက်လန.်နေကြတယ်

Vampire အုပ်စုတဲ့ က တစ်ယောက်က
" ဒီနေ့ဟာ လပြည့်နေဖြစ်တဲ့အတွက် ငါတို့ရဲ့  အရှင်သခင် ကိုသွေး  ဆက်သဖို့ အသက် ၁၃နှစ် ကလေး သူငယ်လေးတွေ ကို ခေါ်ထုတ်လာခဲ့စမ်း "

vampire တွေက ကာလန်စတန် နယ်မြေကိုပိုင်တဲ့အတွက် သူတို့ စိတ်ကြိုက်ချယ်လှယ်လို့ရပါတယ်

Vampire တွေက တစ်နှစ်မှာတစ်ခါ အဲ့နယ်မြေက
၁၃နှစ်ကလေးအရွယ် သူငယ်တွေကို
သွေး သောက် ဖို့ ဖမ်းခေါ်လေ့ရှိတယ်

အဲ့တစ်နှစ်တစ်ခါ ဆိုတာ လပြည့်နေ့တစ်ရက် မှာ
ဲခေါ်ဆောင်လေ့ရှိပီး ၃နှစ်ကြာအမူထမ်းပြီးမှ
ကာလန်စတန် နယ်မြေကို ပြန်ပို့လေ့ရှိတယ်

ကာလန်စတန်နယ်မြေ က မိဘတွေကလည်းသူတို့ ကလေးတွေကို ဘယ်ထည့်ချင်ပါ့မလဲ
ဒါပေမဲ့ အရှင်ဟာဆာကီ က အရမ်းရက်စက်တက်တော့
သူ့အမိန့်ကို မလွန်ဆန်ရဲကြဘူး

အခုလည်း သူတို့ရဲ့ အရှင်သခင်ဟာဆာကီ အတွက်
သွေးဆက်သ ဖို့ ကလေးတွေ ကို ဖမ်းခေါ်ဖို့ လာခဲ့တယ်
ကလေး တွေအားလုံး စုပြီးတာနဲ့

မိုးပျံရထားနဲ့ ကလေး အကုန်လုံးကို ခေါ်သွားတယ်
ကလေး တွေရဲ့မိဘတွေက တော့ ငိုယိုလို့ပေါ့

Vampire နယ်မြေ ဟာရန ကို ရောက်တာ နဲ့ ကလေးတွေ အကုန်လုံးကို
ဆူလီတန် ခန်းမကို ပို့လိုက်တယ်
(ဆူလီတန် ခန်းမ ဆိုတာ ဖမ်းခေါ်လာတဲ့ ကလေးတွေထဲက အရှင် ဟာဆာကီ
နှစ်သက်တဲ့ လူကို ရွေးချယ်တဲ့ ခန်းမ ပါ )

သို့သော် အရှင် ဟာဆာကီ ကဘယ်တော့ အခါမှ မိန်းကလေးရဲ့ သွေးကိုမသောက်ပါဘူး သူနှစ်သက်တာ
ငယ်ရွယ် နုပျိုတဲ့ ကောင်လေးတွေရဲ့ သွေးပဲဖြစ်တယ်

နောက်ပီး အရှင် ဟာဆာကီ မှာ မိဖုရား မရှိပါဘူး
အကြောင်းရင်းက ဟာဆာကီ က အချစ်ကို မယုံကြည်တဲ့လူဖြစ်တယ်
မိန်းကလေးတွေနဲ့လည်း အရောမဝင်ဘူး

vampire ရဲ႕ ကချေသည် (Completed)Tempat cerita menjadi hidup. Temukan sekarang