အပိုင်း (၁၀)

1.4K 211 36
                                    


--------------Faded:------------

"ဒါ မင်းအပြစ်​မဟုတ်​ပါဘူး jongin ah"

လက်​ဖဝါးနှစ်​ခုထဲ မျက်​နှာအပ်​ကာငို​ကြွေး​နေတဲ့ jongin ပုခုံးကို ခပ်​ဖွဖွပုတ်​ရင်း kyungsoo နှစ်​သိမ့်​​ပေး​နေရသော်​လည်း jongin ပုံစံက​တော့ ဘာမှ​ပြောင်းလဲမသွားပဲရှိ​​နေတာ​ကြောင့် ​ရေရှည်​ကို​တွေးပြီး jongin အတွက်​သူ​စိတ်​ပူမိသည်​၊

တစ်​ညလုံးလည်း တစ်​​မှေး​တောင်​အိပ်​ရ​သေးပုံမ​ပေါ်ဒါ့အပြင်​ ငိုလွန်း၍ မျက်​လုံး​တွေလည်း ရဲတွတ်​​နေ​ချေပြီ။
တစ်​ခုခုစားဖို့​ပြော​သော်​လည်း ​ထိုင်​နေရာက​နေတုတ်​တုတ်​မျှပင်​မလုပ်​။
ဒီအတိုင်းသာဆက်​သွား​နေရင်​ အဘွားထက်​ jongin ကပိုစိုးရိမ်​​နေရသည်​။

"မဟုတ်​ဘူး kyungsoo အဘွားအခုလိုဖြစ်​ရတာ ကိုယ့်​အပြစ်​​တွေပါ ကိုယ်​သာထွက်​သွားမယ်​လို့ မ​ပြောဖြစ်​ခဲ့ရင်​...."

ခဏငြိမ်​သက်​သွား​​ရာက​နေ ရုတ်​တရတ်​ သူ့​ခေါင်းသူပြန်​ထု​ကာ ယင်းဖြစ်​ရပ်​အတွက်​​ဖြေမဆည်​နိုင်​ဖြစ်​​​​နေရှာတဲ့ jongin လက်​​တွေကို ဖမ်းဆုပ်​ရင်း kyungsoo တားဆီးရပြန်​သည်​။

"ဘာမှမဖြစ်​ပါဘူး jongin ရာ အဘွားကသက်​သာသွားမှာပါ"

jongin ကိုဖက်​ထားရင်း နှစ်​သိမ့်​​နေတုန်း
အ​ရှေ့မှာလာရပ်​တဲ့​ခြေတစ်​စုံ​ကြောင့်​ ​kyungsoo မော့ကြည့်​လိုက်​​တော့ kai ဖြစ်​​နေသည်​။
jongin က​တော့ သူ့ရင်​ခွင်​မှာ​ခေါင်းအပ်​ငို​နေတာ​ကြောင့်​ kai ကိုမမြင်​​သေး။

"ဘယ်​သူ​ပြောလဲ အဘွားသက်​သာသွားမယ်​လို့"

အနီးကပ်​ကြားလိုက်​ရ​သော အသံမာမာ​ကြောင့်​ jongin ​​မော့ကြည့်​လိုက်​​တော့ သူတို့​ရှေ့မှာ မတ်​တပ်​ရပ်​​နေတဲ့ kai ကို​တွေ့ရသည်​။

"kai....အဘွားသတိရလာပြီလား"

kai မျက်​နှာအရိပ်​အကဲကိုကြည့်​တာနဲ့ သူ့အ​ပေါ်​ဘယ်​​လောက်​ဒေါသထွက်​​နေတယ်​ဆိုတာ jongin သိ​သော်​လည်း အခုအချိန်​မှာ အဘွားရဲ့အ​ခြေအ​နေကသာ အ​ရေးကြီး​နေတာ​ကြောင့်​ သူဂရုမစိုက်​အားပါ။

Faded Where stories live. Discover now