Part-1

949 81 3
                                    

At Seoul;Time-2002 March 9
10:00-pm

အ​ဝေး​ပြေးလမ်းမ​ပေါ်တစ်​​နေရာတွင်​ ကား​လေးတစ်​စီးတ​ရွေ့​ရွေ့​မောင်းလာသည်​။ ကားထဲမှာလည်း​ သီချင်း​တွေဆိုကာ ပျော်​လို့ရွှင်​လို့​ပေါ့။

"Appa အ​ကောင်းဆုံးပဲသိလား သမီးဒီ​နေ့အရမ်း​ပျော်​တယ်​ ပြီး​တော့အရမ်းလည်းချစ်​တယ်​ မွမွ Appa"

၁၃နှစ်​အရွယ်​​ကောင်​မ​လေးက​ပြောလိုက်​​တော့ သူမOmmaကမ​နေနိုင်​​တော့ဘဲ

"အမ​လေး သူ့Appaပဲချစ်​​နေ ​Bdမှာ ဒီလိုTripသွားဖို့အကြံ​ပေးတာ ဒီက အ​မေပါ​နော်​ဟွန်း"

ဟုတ်​ပါတယ်​ သူမကအခုဆို၁၃နှစ်​ပြည့်​ပြီ​လေ ။

ထိုအခါ​ကောင်​မ​လေးက သူမအ​မေနားကပ်​လိုက်​ပြီး အသံကိုတတ်​နိုင်​သမျှချွဲကာ

"Ommaကလည်း ommaကိုလည်းချစ်​ပါတယ်​ အများကြီးချစ်​တယ်​ အရမ်းချစ်​တယ်​သိလား Ommaနဲ့Appaက ကမ္ဘာ​ပေါ်မှာ အ​ကောင်းဆုံးပဲ
ကြည့်​ရတာ ​လောကကြီးမှာ Kim Taeyeonဆိုတဲ့ သမီးကကံအ​ကောင်းဆုံးဖြစ်​မယ်​ထင်​တယ်​"

"အမယ်​ Kim Taeyeonစကား​တွေတတ်​​နေတာကြည့်​စမ်း"

Mr.Kimက​​နောက်​ကြည့်​မှန်​မှ Taeyeonကိုကြည့်​ပြီး​ပြောလိုက်​သည်​။ Mrs.Kimလည်း

"Chargi ကားကိုဂရုစိုက်​​မောင်းအုန်း မိုးရွာထား​တော့ လမ်းက​ချော​နေတယ်​မလား"

"Arraso ဂရုစိုက်​​နေပါတယ်​ကွ"

ထို့​နောက်​ Taeyeonနှင့်​Mrs.Kimတို့၏ သီချင်းသံ​ကြောင့်​ ကား​လေးထပ်​မံ ဆူညံသွားရသည်​။ Mr.Kimလည်း သူ့မိန်းမနှင့်​သမီးကိုကြည့်​ကာ ပြုံးလို့​ပျော်​လို့​ပေါ့။

သို့​သော်​ထိုအ​ပျော်​များအပြုံးများမှာ မကြာမီ ​ပျောက်​ကွယ်​ရ​တော့မည်​ဆိုတာ မည်​သူသိမည်​​လော။?

Seoul သို့​ရောက်​ရန်​နည်းနည်းပဲလို​တော့သည့်​အချိန်​တွင်​ မျက်​နှာချင်းဆိုင်​မှ ကားတစ်​စီးမှာ ယိုင်​ထိုးယိုင်​ထိုးနှင့်​မောင်းလာ​လေသည်​။

Mr.Kimကထိုကားကိုကြည့်​ပြီးမျက်​​မှောင်​ကျုံ့ကာ

"အ​ရှေ့ကကားကဘယ်​လို​မောင်း​နေတာ
လည်းမသိဘူးကွာ လမ်းက​ချော​နေပါတယ်​ဆိုမှ အရေးထဲ"

"ဇာတ်​ဆရာအလိုကျ"Where stories live. Discover now