Part-2

564 81 21
                                    

ကျွန်​မတို့သုံး​ယောက်​ကိုဦး​လေးက ကား​ပေါ်ထိလိုက်​ပို့ရင်း

"Sica Fany က​လေးကိုဂရုစိုက်​လိုက်​​နော်​"

က​လေး? ဟုတ်​တာ​ပေါ့ ဦး​လေးက ကျွန်​မကိုအများ
အားဖြင့်​ က​လေးလို့​ခေါ်တယ်​​လေ ကျွန်​မကြိုက်​တယ်
မဟုတ်​ဘူး မြတ်​နိုးမိတယ်​။

Tiffanyက ကျွန်​မကိုစစ​တွေ့တုန်းက ​ရင်းရင်း နှီးနှီးစကား​ပြော​ပေမဲ့ အခု​တော့ သူမဟုတ်​သလိုငြိမ်​​နေတယ်​။

Jessicaက​တော့ ကျွန်​မကိုရှိတယ်​လို့​တောင်​မသတ်​မှတ်​ထား​တော့ နားကြပ်​တပ်​ပြီး တဖက်​လှည့်​သွားသည်

"Nae..သမီးဂရုစိုက်​မှာ ဦး​လေးစိတ်​မပူပါနဲ့"

"Arraso "

ကျွန်​မဦး​လေးကိုလက်​ပြနှူတ်​ဆက်​ရင်းကား​ပေါ်ပါလာခဲ့တယ်​။ ​ကျောင်း​ရောက်​ခါနီးကျမှ Driverကကားကိုရပ်​လိုက်​ပြီး ကျွန်​မကိုတံခါးလာဖွင့်​​ပေးတယ်​။
ရုတ်​တရက်​ ဆို​တော့ကျွန်​မ​ကြောင်​သွားပြီး
မဆင်းပဲထိုင်​​နေတုန်း ​ခေါင်းခန်းကJessicaက

"နင်​ဒီမှာဆင်းလို့ရပြီး ​ကျောင်းကိုလမ်း​လျှောက်​သွား​တော့ ငါတို့ပတ်​သတ်​မှုကို လူသိခံလို့မဖြစ်​ဘူး​လေ"

အဲ့​တော့မှ ကျွန်​မသ​ဘော​ပေါက်​သွားပြီး
ကား​ပေါ်ကဆင်းလိုက်​သည်​။

မောင်း ထွက်​သွားတဲ့ကား​လေးကိုကြည့်​ရင်းကျွန်​မသက်​ပြင်းချမိတယ်​။ ပြီး​တော့​ဖြေး​ဖြေးချင်း​လျှောက်​လာတာ
တစ်​​နေရာအ​ရောက်​ ကျွန်​မ လူတစ်​​ယောက်​ကိုဖြတ်​ကနဲ​တွေ့လိုက်​တယ်​။ အဲ့လူကိုရင်းနှီး​နေ​တော့ စဉ်းစားရင်း

"Yoona??"

ကျွန်​မ ပါးစပ်​က တိုးတိုး​လေးရွတ်​လိုက်​ပြီး သူ့​နောက်​ကိုအ​ပြေးလိုက်​လိုက်​တယ်။ အနား​ရောက်​​တော့ ​ခေါ်ဖို့ မဝံ့ရဲဘဲ တုံ့ဆိုင်းတုံ့ဆိုင်း​ဖြစ်​​နေရင်း

"ဒီမှာ ဟို​လေ Yoon-Yoonaလား မသိဘူး?"

ထို​ကောင်​မ​လေးက​နောက်​လှည့်​လာပြီး

"ဇာတ်​ဆရာအလိုကျ"Where stories live. Discover now