Part-3

510 94 31
                                    

"နင်​တို့သိပြီးကြပြီလား Jung Taeyeon​လေ Jessica တို့နဲ့တစ်​အိမ်​တည်း​နေကြတာဟ"

"ဟာ မဖြစ်​နိုင်​တာ Jung Taeyeon ပုံစံနဲ့ အတူ​နေတယ်​ဆိုတာ မဖြစ်​နိုင်​ပါဘူးဟာ"

"နင်​တို့ကလည်း ငါမ​နေ့ကJessicaကိုလိုက်​​ချောင်း
ရင်း​တွေ့ခဲ့တာဟ"

"အဲ့ဒါဆိုလည်း Maidရဲ့သမီး​နေမှာ​ပေါ့ Mr.Jungကအဲ့ဒါ​ကြောင့်​သူ့ကို​ထောက်​ပံ့​​ပေးထားတာ​နေမှာ"

"ဟုတ်​မယ်​...."

မနက်​​စော​စောစီးစီး မိန်းက​လေးအိမ်​သာမှာ ကြားလိုက်​ရတဲ့ စကား​ကြောင့်​ Taeyeon ရင်​ထဲဒိန်းကနဲ...

Jessicaသိရင်​မလွယ်​ဘူး...
ပြီး​တော့ သူတို့ကပါးစပ်​ဖွာကြတာ...
မ​နေ့ကလည်း ကံမ​ကောင်းဒီ​နေ့လည်းထိပ်​တိုက်​​​တွေ့ရအုန်းမယ်​...

Taeyeon Toiletထဲမှ နား​ထောင်​ကာ တစ်​​ယောက်​တည်း​တွေး​နေသည်​။

Taeyeon ကစာလည်း​တော်​ ပြီး​တော့ ဆရာမ​တွေရဲ့အချစ်​​တော်​ဆို​တော့ မနာလိုတဲ့သူ​တွေများတယ်​​လေ။

အပြင်​က​ကောင်​မ​လေး​တွေထွက်​သွား​လောက်​တဲ့အချိန်​​လောက်​မှ ထွက်​လာကာ စာသင်​ခန်းသို့ပြန်​လာခဲ့လိုက်​သည်​။

အခန်းထဲ​ရောက်​​တော့ Yoonaက

"Taeyeon အခုကြား​နေရတဲ့ သတင်း​တွေကအမှန်​​တွေလား"

Taeyeon အ​ဖြေရကျပ်​သွားပြီး

"Yoonaတကယ်​​တော့ ငါနဲ့နင်​ကွဲသွားတုန်းက နင်​မသိခဲ့တဲ့ အ​ကြောင်း​တွေအများကြီးဖြစ်​ခဲ့တာ"

"ငါ့ကို သူငယ်​ချင်းတစ်​​ယောက်​အ​နေနဲ့​ပြောပြလို့မရဘူးလား"

"ငါ​ပြောပြပါ့မယ်​"

အဲ့လိုနဲ့ Taeyeonလည်း Yoonaအား သူမအ​​ကြောင်းအကုန်​​ပြောပြလိုက်​သည်​။

စကားဆုံး​တော့Yoonaက

"အဲ့ဒါဆိုနင်​က Jung မိသားစုရဲ့ သမီးအဖြစ်​​မွေးစားခံရတာ​ပေါ့ အဲ့ဒါများဘာလို့ ​ကောင်း​ကောင်း ကန်း​ကန်းမ​နေရတာလဲ Taeyeonရယ်​ ပြီး​တော့ Jessicaကနင့်​ကိုမုန်း​နေတာ​ပေါ့"

"ဇာတ်​ဆရာအလိုကျ"Where stories live. Discover now