အပိုင်း(၁)

19.2K 1.1K 36
                                    

••••••••••သက္ကရာဇ်(၁၀၆၄)ခုနစ်၊ဘုရင်
ပတ်ဒယ်ဆူးအုပ်စိုးသောကာလ၊ဂျွန်ဆွန်းမင်း
ဆက်။မြောင်ဆူတိုင်းပြည်••••••••••
နန်းတော်တစ်ခုလုံး ရူပ်ယှက်ခတ်နေကြနေ
သည်။ အကြောင်းမှာဂျွန်ဆွန်းမင်းမိဖုရားခေါင်ကြီး မှနန်းဆက်နန်းလျာအားဖွားမြင်နေသောကြောင့်
ပင်။ နန်းဆောင်၏ အပြင်ဘက်တွင်တော့ အနီ
ရောင်နဂါးဝတ်ရုံဖြင့် ခေါက်တုံ့ခေါက်ပြန်ဖြစ်နေ
သော ဘုရင်ပတ်ဒယ်ဆူး။

ရဲရင့်ခက်ထန်မှုများ ပျောက်ဆုံးကာ စိတ်
လှုပ်ရှားနေသည်မှာ နဖူးတွင်ရှိနေသော ချွေးတို့က
သက်သေ။
"စိတ်အေးအေးထားတော်မူပါ အရှင်မင်းကြီး... မိဖုရားကြီး အဆင်ပြေချောမွေ့စွာ မွေးဖွားနိုင်မှာ
ပါ"...
ဘေးနားတွင် တစ်တွတ်တွတ် စိတ်မပူရန်ပြောနေ
ကြသော အမတ်ကြီးများ၏ စကားများအား နားမဝင်နိုင်။အဆောင်တော်ထဲမှ မိမိရင်နှစ်သွေးချာ ရင်သွေးလေးနှင့် မိဖုရားကြီးတို့အတွက်သာ ရင်
မအေးနိုင်ဖြစ်လို့နေသည်။ပထမဆုံး နန်းညွန့်နန်းလျားဖြစ်သည့်အ
တွက် မည်သို့သော အကြောင်းများကြောင့် ဘယ်လိုအကြောင်းများကြောင့် အတိမ်းအစောင်းမခံနိုင်ပေ။သန်းခေါင်အချိန်မှစပြီး မိုးသောက်တဲ့အချိန်ထိ မမွေးဖွားနိုင်ဘဲရှိနေသော အဆောင်တွင်းမှ မိဖုရားကြီးနှင့် အထိန်းတော်များ အပျိုတော်များ၏ အသံများကြောင့်လည်း ရတက်မအေးနိုင်။မိမိရင်သွေးကျမှဘာလို့ ဒီလောက်ခက်ခဲနေရတာလဲ။

ရုတ်တရက် လေများတိုက်လာပြီး ကောင်းကင်တစ်ခုလုံး တိမ်စိုင်တိမ်မဲများ ဖုံးအုပ်လာကာ မှောင်မဲသွားတော့သည်။ထို့နောက်
ခဏအကြာ ကောင်းကင်တစ်ခုလုံး လင်းထိန်လာ
ကာ နေတစ်စင်းတောက်ပစွာ ထွက်ပေါ်လာတော့
သည်။ထိုအလင်းရောင်ကြောင့် ကောင်းကင်ကို မည်သူမှ မော့ကြည့်လို့မရ...နေမင်းကတော့ စူးရှစွာ အစွမ်းကုန်တောက်ပနေတော့သည်။ရုတ်
တရက် အဆောင်တော်တံခါးဖွင့်လာကာ
"အရှင်မင်းကြီး မိဖုရားခေါင်ကြီးမှ နန်းလျာသား
တော်လေး ဖွားမြင်ကြောင်းပါ"...

ထူးခြားမှုအဖြစ် မင်းသားလေးရဲ့ ညာဘက်ပခုံး
ထောင့်နားတွင် နေပုံစံအမှတ်လေးတစ်ခု ရှိနေသလို
ကောင်းကင်တွင်လည်း နေတစ်စင်းနှင့်ကပ်လျက်
လတစ်စင်းပါ ထွက်ပေါ်လို့နေသည်ကို အမတ်ကြီးတစ်ဦးမှလွဲ၍ ဘယ်သူမှ မမြင်လိုက်ပေ။

Prince's LegendNơi câu chuyện tồn tại. Hãy khám phá bây giờ