အပိုင်း(၄)

8.9K 971 18
                                    

"ယေး.... ဒါမှ ဘတ်ဘတ်ခမည်းတော်ကွ အဲဒါကြောင့်မလို့ ဘတ်ဘတ်က များကြီးချစ်ရတာ"

"ဟားဟား အဲ့လိုအပြောတွေနဲ့ပဲ နန်းတော်တစ်ခုလုံးကို ညာစားနေတာမလား"

"မဟုတ်ပါဘူးနော် ဘတ်ဘတ်က တကယ်ပြောနေတာကို ဟွန့်"
နှုတ်ခမ်းရဲရဲလေးကို တစ်တောင်လောက်ဆူကာ အသည်းယားစဖွယ်ပြောနေသော ကလေးငယ်ငယ်...
ခမည်းတော် ရင်နဲ့အမျှ ချစ်ရပါရဲ့ကွယ်။သားငယ်
လေးအပေါ် အနွံတာခံ၊အလိုက်လိုက်ပြီး ချစ်မြတ်နိုးပေးနိုင်တဲ့သူကိုသာ အိမ်ထောင်ဖက်အဖြစ်လက်ခံပေးနိုင်မည်။အတ္တဆိုလည်းမိဘတစ်ယောက်ရဲ့ အဖြူစင်ဆုံး အတ္တတစ်ခုသာ။
                      ▪              ▪               ▪             ▪

"မင်းကြီး ကြွချီတော်မူလာကြောင်းပါ အရှင့်သား"

မနက်ဖြန်တွင် မြောက်ပိုင်းနယ်မြေ၌ဖြစ်ပေါ်နေသောကျူးကျော်ပုန်ကန်မှုအား သွားရောက်နှိမ်နင်းရန်အတွက် ပြင်ဆင်မှုများပြုလုပ်နေသော လီယောလ်။

"သားလီယောလ်ဖြစ်နိုင်ရင် ဒီပုန်ကန်မှုမှာ သားတော်ကို မသွားစေချင်ဘူး။ဒီမှာရှိတဲ့ စစ်သူကြီးယမ်ကိုပဲ ဦးစီးခိုင်းချင်တယ်။ခမည်းတော်စိတ်တွေ လေးနေတယ်သား။နောက်ပြီး.....

"နောက်ပြီး....... ကြင်ယာတော်ရွေးပွဲက နောက်တစ်ပတ်ကျရင် ကျင်းပတော့မှာမလို့ သားတစ်ခုခုဖြစ်မှာ စိုးရိမ်တယ်လို့ပြောဦးမလို့မလား ခမည်တော်"

"ဟုတ်တယ်သား ကြင်ယာတော် ရွေးမပြီးမချင်း
ခမည်းတော်စိတ်အေးနိုင်မှာမဟုတ်ဘူး"

ခမည်းတော်၏ စိုးရိမ်ပူပန်မှုကို နားလည်သော်ငြား
တိုင်းပြည်ရေးသည်သာ အရေးကြီးဆုံးဖြစ်သည်မို့။ငယ်စဉ်ကတည်းက ယခုချိန်ထိ ကိုယ်လုပ်တော်များ၊ဆက်သထားသော
အချောအလှမင်းသမီးများစွာရှိနေပေမယ့် တစ်ခါမှ ရင်ခုန်စိတ်လှုပ်ရှားခြင်းမရှိသည့် မိမိနှလုံးသားတွင်
သာ ချွေ့ယွင်းချက်ရှိနေသည်ဟု တစ်ခါတစ်ခါ ထင်မိသည်။ယခုကြင်ယာတော်ရွေးပွဲသည်လည်း
မိမိစိတ်ပါဝင်စားခြင်းမရှိဘဲ မလုပ်မဖြစ်တာဝန်တစ်ရပ်အနေနဲ့သာ သဘောထားသည်။သည်လောကမှာ မိမိရင်ကိုလှုပ်ခတ်နိုင်တဲ့သူ မရှိသေးတော့ ခက်ချေပြီ။

Prince's LegendOù les histoires vivent. Découvrez maintenant