Title: Change of heart❤
Ep-02
*Bell Ring*
ကျောင်းဆင်းတာနဲ့ တစ်ပြိုင်နက်တည်း ကျွန်တော် အတန်းကနေ မြန်မြန်ထွက်လာခဲ့တယ်....ဖြစ်နိုင်ရင် အမြန်ဆုံး ကျွန်တော် ကြောက်ပေါက်လေး ၂ ကောင်ကို တွေ့ချင်လှပီ....ကျွန်တော် ခြေလှမ်းကို ခပ်သွက်သွက်လျောက်လာမိတယ်....café ဆိုင် မရောက်ခင် လမ်းအချိုးအကွေ့ အရောက်....ကောင်မလေး တစ်ယောက် ဆောင့်ကြောင့် ထိုင်နေတာတွေ့တယ်....ကျွန်တော် ကျော်သွားဖို့ လုပ်ပါသေးတယ်....ဒါပေမယ့် ကျွန်တော် လည်း အဲ့ကောင်မလေးလို ဆောင့်ကြောင့်ထိုင်ပီး ကြည့်နေအောင် လုပ်တဲ့ အရာ ရှိတာကြောင့် ကျွန်တော်လည်း အဲ့ကောင်မလေးရဲ့ ဘေးမှာ ထိုင်နေမိတယ်.....
တကယ်သနားစရာလေး....ခုမှ မွေးကင်းစ အရွယ်လေး....အရောင်လေးနဲ့ ပုံစံ က အများအားဖြင့်တွေ့ရတတ်တဲ့ ပုံစံမျိုးလေးပါ....ခေါင်းလေးထိပ်ကနေ ခန္ဓာကိုယ်တစ်လျောက် အမြီး ထိ အဖြူလေးနဲ့ အမည်း စပ်ကြား အစင်းလေးနဲ့ ဖုံးထားတယ်...ဒါပေမယ့် တစ်ကိုယ်လုံး အဲ့လို ပုံစံမဟုတ်ပဲ...လက်ချောင်းလေး ၄ ချောင်းလုံးက လုံးဝ ဖြူဖွေးနေခဲ့တယ်.....တကယ်ချစ်ဖို့ ကောင်းတဲ့ငြေ်ပေါပ်လေးပါ.....ဒါပေမယ့် သနားစရာကောင်းတာက....ဘယ်အချိန် ထဲကပစ်ထားခဲ့မှန်းမသိဘူး....ခန္ဓာကိုယ်က ကတုန်ကယင်လေးနဲ့..ပိန်ခြောက်နေရှာတယ်....အစားလည်း မစားရတာကြာနေတဲ့ ပုံလေးပါပဲ.....ကောင်မလေးက လည်း ဒီအတိုင်းလေးပဲ စိုက်ကြည့်နေရှာတယ်...ကျွန်တော် သူဘေးနားရောက်လို့ ရောက်နေမှန်းတောင် သိမယ့်ပုံ မပေါ်ဘူး....ကျွန်တော် ခေါ်သွားချင်ပေမယ့် အဲ့ကောင်မလေး ခေါ်သွားမယ်ထင်တာကြောင့် ထိုင်ရကနေ ထဖို့ ဟန်ပြင်လိုက်တဲ့ အခါမှာတော့....ကျွန်တော့လက်ကို သူမ လှန်းဆွဲလိုက်တယ်....
"ခေါ်...."
"........"
"ခေါ်သွားပါလား?"
"ဗျာ....."
ကျွန်တော် တကယ်ကြောင်သွားတယ်.....သူမ ကျမခေါ်သွားပဲ....ဘာလို့ ကျွန်တော်ကို ကျမှ ခေါ်သွားခိုင်းတာလဲ....ကျွန်တော် ကို ကိုင်ထားတဲ့ လက်လေးကို ခါချလိုက်ပီး.....
YOU ARE READING
Change of heart ❤ (ရပျနား)
Fanfiction🍀TFBoys🍀❤QianXi❤(normal fiction) Warmth?family?care?friends?love?happiness? Do i all need them? Why do i need them all? nobody know what will happen in the future...... own creation & imagination ^^ by Yumei(Xiao💙)