Ep-01

335 9 0
                                    

Title: Change of heart❤

Gern: slice-of-life, fan-fiction, tragedy, friendship, romance, short-story, fantasy

Ep-01

ကျွန်တော် သက်ပြင်းရှည် တစ်ချက်ချမိတယ်.....ပတ်ဝန်းကျင်အသစ်နဲ့ ရင်းနှီးအောင် ထပ်လုပ်ဖို့ ကျွန်တော် အားအင်တွေ မရှိတော့ဘူး....ကျွန်တော့ အပါး(အဖေ) ရဲ့ အလုပ်ကြောင့် ပြောင်းလိုက်ရတဲ့နေရာ တွေ နိုင်ငံတွေ...တစ်ခုပီးတစ်ခု မပီးနိုင်ဘူး. အပါးအလုပ်က pilot လို့သာပြောတာ... flight duty ကျရင် ကျတဲ့ အရပ်မှာနေရတာလေ....၂လ ဖြစ်ချင်လည်း ဖြစ်မယ်....၅လ...၈လ...၁နှစ်....အလွန်ဆုံး ၁နှစ်ခွဲ အထိပေါ့.....ခုတော့ ကျွန်တော့ အပါးမပါပဲနဲ့ ကျွန်တော့ မွေးရပ်မြေဖြစ်တဲ့ Beijing ကို ပြန်ရောက်လာမိတယ်...ဒါပေမယ့် ကျွန်တော်မွေးရပ်မြေသာ ပြောတာ ကျွန်တော့အတွက် စိမ်းသက်သက်ကြီးဖြစ်နေမိတယ်...ကျွန်တော် ၅ နှစ်သားအရွယ်ထဲက အပါး ပြောင်းတဲ့နေရာတွေကို လိုက်ပြောင်းနေရတာကို... မိသားစုဝင်ဆိုလို့လည်း ကျွန်တော်နဲ့ အပါးပဲရှိတယ်လေ....အမားက ကျွန်တော်ကိုမွေးနေတုန်း မီးတွင်းထဲမှာပဲ ဆုံးသွားတယ်ပြောတယ်....

ကျွန်တော်နာမည် က Yi Yang Qian Xi......နိုင်ငံခြားမှာနေတုန်းကတော့ ကျွန်တော်ကို Jackson Yi လို့ ခေါ်ကြတယ်....ကျွန်တော်မှာ သူငယ်ချင်း တွေ သိပ်မရှိဘူး....ဘာလို့ဆို နေရာ ခဏခဏ ပြောင်းနေရတော့....သံယောဇဉ်တွေဘာတွေ မထားတော့တာပါ...အာ့ကို လူတွေက ကျွန်တော့ကို မာနကြီးတယ်....ချေတယ်လို့ ပြောကြတယ်...တကယ်တော့ ကျွန်တော် ခင်တတ်ပါတယ်...အပေါင်းအသင်းမင်ပါတယ်...ဒါပေမယ့်လည်း ကျွန်တော့ ကံကြမ္မာကိုက တစ်ကိုယ်တည်းနေရမယ့်ကံပါလို့လားမသိပါဘူး....ခုထိတော့ တစ်ယောက်တည်း နေတယ်....နေလည်းနေတတ်သွားပါတယ်....ပီးကျွန်တော် တစ်ယောက်တည်းနေမယ်လို့လည်း ဆုံးဖြတ်ပီးသွားပီ...အပါးအလုပ်ကိစ္စနဲ့ ဘယ်ကို ပြောင်းပြောင်း ကျွန်တော်လိုက်မပြောင်းတော့ဘူး...ကျွန်တော့အသက်က ၁၉ နှစ်ရှိနေပီလေ....တစ်ယောက်တည်းလည်း နေတတ်တယ်ဆိုတာကြောင့် အပါးကလည်း ခွင့်ပြုထားပါတယ်....

အာ့ကြောင့်လည်း Beijing ကို ပြန်လာခဲ့တယ်....တော်သေးတာက ကျွန်တော်တို့ ငယ်ငယ်က နေခဲ့တဲ့ အိမ်လေးကို မရောင်းပဲ ဒီအတိုင်းထားလို့ ကျွန်တော်နေစရာ ရှိနေတာပါ....သေချာပေါက်ကတော့ လူမနေတာ ၁၂ နှစ်လောက်ရှိပီ မို့....အိမ်ကတော်တော်လေးကို ဖုန်တွေ ပင့်ကူမျှင်တွေ နဲ့ ပြည့်နေမှာသေချာတယ်....အိမ်ရောက်တာနဲ့ သန့်ရှင်းရေးကို အရင်လုပ်မိတယ်....

Change of heart ❤ (ရပျနား)Hikayelerin yaşadığı yer. Şimdi keşfedin