•2•(U+Z)

4.4K 406 33
                                    

Unicode

^ကိုကို ! ^

ကျောင်းမှာ မနက်ဖြန် စစ်ဆေးရေးလာမှာမို့လို့ အလုပ်ရှုပ်နေတုန်း ဖုန်းသံကြားလို့ ကောက်ကိုင်လိုက်တော့ အသံကစူးခနဲ..

^အင်း ပြော .. ^

^appaကကျောင်းဆင်းရင် အိမ်တန်းဝင်ခဲ့တဲ့ ! ပြောစရာရှိလို့တဲ့ ! ^

^အော် အင်း လာခဲ့မယ်လေ..၅:၀၀နာရီလောက်ပြန်ရောက်မယ်လို့ appaကိုပြောထားပေး.. ^

^အွန်း.. ပြီးတော့ ပြန်လာရင် နာနတ်သီး ဖျော်ရည်ဝယ်ခဲ့ဦး .. ^

^အင်း အင်း ဒါပဲမလား.. ကိုကိုမအားလို့ ဖုန်းချလိုက်ပြီနော် ! ^

ဟိုကလေး ဘာပြောနေလဲ နားမထောင်တော့ဘဲ အမြန်ချပစ်လိုက်ရတယ် .. လုပ်သက်ရင့် ဆရာမကြီးတွေက ကိုယ်ကို မကြည်သလိုကြည့်နေကြတယ်လေ .. ဟိုသတ္တဝါလေးတော့ စိတ်ကောက်သွားဦးမလားမသိဘူး သူ့ဖုန်းကိုချပစ်လို့ ..
.
.
.
.
အိမ်နားက မုန့်ဆိုင်ထဲ ဝင်ပြီး အမှာတော်ပါးလိုက်တဲ့ နာနတ်သီးဖျော်ရည်ရယ် ommaကြိုက်တတ်တဲ့ donutရယ် ဝယ်ပြီး သူတို့အိမ်သွားတော့ ခြံရှေ့မှာ ရပ်စောင့်နေလေရဲ့ ကလေးငယ်က..

^ဘာလို့ အပြင်မှာ ရပ်နေတာတုန်း လေတွေတိုက်နေတာကို.. ^

ကလေးလက်ထဲကို အအေးခွက်လှမ်းပေးရင်း ပြောတော့ တပြွတ်ပြွတ်နဲ့ စုပ်သောက်ပြီး ..

^ကိုကို့ကို ပြောစရာရှိလို့ ! ^

^အင်း ပြောလေ.. လာ အိမ်ထဲမှာပြောလည်းရတာကို အထဲဝင်ရအောင် .. ^

ပခုံးလေးဖက်ပြီး အထဲဝင်မယ်လုပ်တော့ လက်ကို ပြန်ဆွဲပြီး ..

^မဟုတ်ဘူး ဒီမှာပြောမှ ရမှာ .. ^

^ကဲ ပြီးတာပဲ ..ပြော ဘာတုန်း ... ^

^ဒီနေ့ Sehunnie အိမ်မှာလာအိပ်မို့တဲ့ .. အဲ့ဒါ သိတယ်မလား .. boobooက မလာဖို့ပြောပေမဲ့ သူကဂိမ်းတူတူနှိပ်မယ်ဆိုတာနဲ့ ..အဲ့ဒါ .. ^

^အင်း အဲ့တော့ .. ^

^ကိုကို!! မသိချင်ယောင်ဆောင်မနေနဲ့လေဗျာ! ^

အေးလေ သိသားပဲ .. သူ့appaကိုSehunအိမ်မှာလာအိပ်မဲ့အကြောင်းပြောပေးရမယ် .. ကျောငိးမှာစာတွေများလို့ဒီညစာတူတူလုပ်ဖို့လာမယ်လို့ညာပေးရမယ် .. မဟုတ်ရင် appaက Sehunအိမ်ကိုဖုန်းဆက်ရင်သူလိမ်ထားတာပေါ်ပြီးဒုက္ခရောက်မယ် .. သိသားပဲ အဲ့ဒါတွေ .. ဒါမဲ့ လုပ်ပေးချင်စရာကောင်းအောင် အကူအညီတောင်းနေတာ ဆိုတော့လေ.. /:

My Little Bad Boy(Completed)Where stories live. Discover now