•5• (U+Z)

3.8K 367 90
                                    

Unicode

ဘူဘူးတစ်ယောက် အခုတလော ငြိမ်နေတယ်.. အိမ်ဘက်လည်းသိပ်မလာဘူး.. ommaကလည်း အခန်းထဲမှာပဲအောင်းနေလို့တဲ့ စိတ်ပူပြီး ကျနော့်ကို လာမေးတယ် ..
ကြည့်ရတာ ဒီတစ်ခေါက်စာမေးပွဲရဲ့ဂယက်ကအခုထိထနေတုန်းထင်ပါရဲ့ .. ကလေးပိစိက လပတ်စာမေးပွဲတွေမှာတော့ အမြဲ1to5ဝင်နေကျဆိုပေမဲ့ ဒီတစ်ခေါက်က နှစ်ဝက်စာမေးပွဲလည်းဖြစ်တဲ့အပြင် မေးခွန်းကလည်း ဉာဏ်စမ်းတွေများတော့ သိပ်မဖြေနိုင်ဘူးတဲ့ .. အမှတ်စာရင်းကခုထိမထွက်သေးပေမဲ့ တွေးကြောက်နေတယ်ထင်ပါတယ်..

ဒီနေ့တော့ ကျနော်လည်းကျောင်းမသွားရတာနဲ့ ကလေးဆီကို လာခဲ့လိုက်တယ်.. အပြင်ခေါ်သွားဖို့ဆုံးဖြတ်ရင်းနဲ့ပေါ့...

"ဘူဘူး .. ကိုကိုလာတယ် .. "

အခန်းတံခါးလေးကိုချောင်းကြည့်ရင်း အသံပေးတော့ ကလေးလေးက အိပ်တုန်း..

နာရီကိုကြည့်တော့ ၁၀နာရီခွဲဖို့ ငါးမိနစ်အလို..

အင်းပေါ့ စိတ်ညစ်နေတော့ အိပ်လို့လည်းပျော်မှာမဟုတ်ဘူးလို့တွေးမိတာ ကိုယ့်အမှားပေါ့ .. ဒီကာလနဂါးလေးက စိတ်ညစ်လည်းအိပ် ပျော်လည်းအိပ်.. အအိပ်ကတော့ တအားမက်တာပဲ ..

အိပ်နေတုန်း ကျနော်နဲ့ဆင်တူဝယ်ထားတဲ့ အကျႌနဲ့ ဂျင်းဘောင်းဘီကိုထုတ်ပေးထားလိုက်တယ်.. ဒီနေ့ ကလေးနဲ့ဆင်တူဝတ်ချင်လို့ တမင်ကို ဒီအကျႌဝတ်လာတာလေ..
ရေချိုးဖို့ ရေနွေးစပ်ပေး သွားတိုက်တံအဆင်သင့်လုပ်ပေးပြီး ပြန်ထွက်လာတဲ့အထိ တုပ်တုပ်မှမလှုပ်သေးတာနဲ့ ခန်းဆီးလိုက်ကာဖွင့် ပြတင်းပေါက်တွေဖွင့်ရတော့တယ်..
အချိန်က ၁၁တောင်ကျော်နေပြီ .. အစက ကစားကွင်းသွားပြီး လျှောက်စီးကြမယ် ရုပ်ရှင်သွားကြည့်ကြမယ်ပေါ့ ကလေးလည်းစိတ်ပြေလက်ပျောက်ဖြစ်အောင်.. အခုတော့ အစီအစဉ်ကပျက်ပြီ ကိုယ်တော်လေးအိပ်နေတာနဲ့ပဲ ..

အိပ်ရင် မှောင်မဲနေမှ..ထိုင်ရင် ချောင်ကျကျထောင့်စွန်းကိုမှရွေးထိုင်တတ်တဲ့ အမှောင်လောကက လူဆိုးလေးက သူ့မျက်နှာ နေထိုးတော့မှပဲ မျက်မှောင်ကြီးကျုံ့ပြီး မျက်လုံးပွင့်လာတော့တယ် ..

My Little Bad Boy(Completed)Where stories live. Discover now