1.8K 103 0
                                    

Feb 9 , 2018
ကွန်​ပျူတာ က စာရင်း​တွေကို လက်​စသတ်​လိုက်​ရင်း နာရီကိုကြည့်​လိုက်​​တော့ 10:41

အလုပ်​ ပြီးရင်း အလုပ်​ လုံး​ထွေး​နေရင်းက သူ့​နေ့ရက်​​တွေလည်း တဖြည်းဖြည်း အဓိပ္ပါယ်​မဲ့လာသလိုပင်

အထူးသဖြင့်​ ​ဖေ​ဖော်​၀ါရီ ၊ နှစ်​တစ်​နှစ်​တိုင်းရဲ့​ဖေ​ဖော်​၀ါရီ​နေ့ရက်​​တွေက သူ့ကို ပိုလို့နှိပ်​စက်​​နေသည်

ရင်​ထဲမှာ တအုံ့​နွေး​နွေးရှိ​နေတဲ့ ​နောင်​တခပ်​ပါးပါးတစ်​ချို့က သူ့စိတ်​ကြံ့ခိုင်​မှုကို တိုက်​စား​နေတာက တိတိ

နောင်​တ ခပ်​ပါးပါးလို့ဆိုမိတာကို မှားတယ်​ဟုပင်​ ပြန်​​ကောက်​ချက်​ချမိသည်

ခပ်​ပါးပါး​နောင်​တက အခုလို နှစ်​​ပေါင်းများစွာထိ​တော့ မနှိပ်​စက်​နိုင်​ပါ

အလုပ်​စားပွဲက​နေထပြီး ၀ရံတာဘက်​ကို ထွက်​ရပ်​မိ​တော့ ညနက်​နက်​​ကောင်းကင်​က ​တောက်​ပ​သော လမင်းကင်းမဲ့စွာ အထီးကျန်​ကျန်​တည်​ရှိ​နေသည်

သူ့တိုက်​ခန်းရဲ့အမြင့်​က မြို့ရဲ့မြင်​ကွင်းကို အ​ပေါ်စီးက​နေ ​ကောင်း​ကောင်းမြင်​ရ​လောက်​​အောင်​မြင့့်​တာမို့ မီး​ရောင်​၀င်းတဲ့ညခင်းအလှကို မြင်​​တွေ့​နေရသည်

သက်​ပြင်းသဲ့သဲ့က အားထုတ်​မှုမပါပဲ အလိုအ​လျောက်​ထွက်​လာသည်

တိတ်​ဆိတ်​​အေးချမ်း​နေတဲ့ညရှုခင်းက​တောင်​ သူ့ရင်​ထဲအပူတစ်​ချို့ကို မငြိမ်းနိုင်​ဘူးထင်​ပါရဲ့

သူ့အ​တွေးထဲတွင်​ ထိုတစ်​ချိန်​ကဖြစ်​ရပ်တို့ကစိုးမိုး​နေသည်

ထိုအချိန်​ကသာ သူ အရိုးသားဆုံးပြုမူခဲ့ရင်​ အခုလို ​နောင်​တ​တွေကို ​ထွေးပိုက်​​နေရတဲ့အ​ခြေအ​နေကြီးက လွတ်​​မြောက်​နိုင်​လိမ့်​မည်

တစ်​​နေ့ထက်​ တစ်​​နေ့အထီးကျန်​တယ်​လို့ ခံစားလာရတဲ့ သူ့နှလုံးသား​လေးလည်း ယခုထက်​ပို ​နွေး​ထွေး​နိုင်​​နေလိမ့်​မည်

ဝရံတာလက်​ရန်း​ပေါ်တင်​ထား​သော လက်​​ပေါ်သို့ ခပ်​​နွေး​နွေး​ရေစက်​တို့ကျလာသည်

Cosmic WishWhere stories live. Discover now