★★

890 76 0
                                    

Year 2013 , February 14

လမ်းတ​လျှောက်​က နှင်း​ငွေ့ခပ်​ပါးပါးနှင့်​ မှုန်​ရီ​နေသည်

ချယ်​ရီတို့မပွင့်​ပါပဲ ပန်းနု​ရောင်​အ​ငွေ့အသက်​ရ​နေတာဟာ ချယ်​ရီတို့စု​ဝေးရာ​နေရာဖြစ်​လို့ ထင်​သည်

လက်​တစ်​ဖက်​က ပုခုံး​ပေါ်ရှိ လွယ်​အိတ်​ကြိုးကို ပင့်
့​တင်​လိုက်​ရင်း နာရီကို ကြည့်​​တော့
ဆယ့်တစ်​နာရီပင်​ ​ကျော်​​နေပြီ

ပြောစရာရှိလို့ဆိုပြီး ဒီ​နေရာမှာ ချိန်းထားတဲ့ ဟျွန်း ဆိုတဲ့ ​ကောင်​​လေးက သူ့​ရှေ့မှာ ​ကျောက်​ရုပ်​လိုရပ်​​နေဆဲ

ဒီ​ကောင်​​လေးကို သူသိသည်

သူ့အထက်​တန်းတစ်​​လျှောက်​ ဆယ်​ခါထက်​မနည်း သူ​တွေ့​ဖူး​လောက်​သည်
အင်း ထင်​တာပါပဲ

သူ စာကြည့်​တိုက်​မှာ စာကြည့်​ စာဖတ်​​နေရင်း​ မလှမ်းမကမ်းမှာ တစ်​ခါတစ်​ရံ​တွေ့ဖူးသည်

အားကစားအချိန်​ သူတို့ဘတ်​စကစ်​​ဘောကစား​နေလျှင်​လည်း ထို​ကောင်​​လေးက ပွဲကြည့်​စင်​တွင်​ ရှိ​နေတာမျိုး မြင်ဖူးသည်

အတန်း​တော့ တစ်​ခါမှမတူဖူးဘူး ထင်​တာပါပဲ

နာမည်​ကို​တောင်​ သူငယ်​ချင်း​တွေက ​ပြောပြလို့ သိရတာ

ဆံပင်​နက်​နက်​အုပ်​အုပ်​တို့က နှဖူးထက်​​တွင်​​ဖေးတင်​​နေရုံတင်​မက မျက်​၀န်း​တွေကိုပင်​ ဖုံးအုပ်​လုဖြစ်​​နေ​သော ထို​ကောင်​​လေးက လမ်း​လျှောက်​လျှင်​လည်း အမြဲငိုက်​စိုက်

ယခုလည်း သူ့​ရှေ့တည့်​တည့်​မှာ ရပ်​​နေတာ​တောင်​ သူ့မျက်​၀န်း​တွေကို မမြင်​မိ

လက်​ထဲက စာအိတ်​​လေးကို ဖိသိပ်​ပြီးကိုင်​ထားပုံက လွှတ်​ထွက်​သွားမှာ စိုးသည့်အလား

"ဒီမှာ!!!"

သူ့ဆီက ခပ်​ဆတ်​ဆတ်​​ခေါ်သံ​ကြောင့် ခန္ဓာကိုယ်​​လေးက တုန်​ခနဲဖြစ်​သွားသည်

ခေါင်းက​တော့​မော့မလာ

"မင်းငါ့ကို ​ပြောစရာရှိလို့ဆို ဘာ​ပြောမှာလဲ မြန်​မြန်​​ပြော ငါ့မှာ အချိန်​မရှိဘူး "

Cosmic WishWhere stories live. Discover now