★★★★

853 92 4
                                    

Year 2018 ,February 14

ကုတ်​အင်္ကျီကိုထပ်​၀တ်​ရင်း ကိုယ့်​ကိုကိုယ်​ မှန်​ထဲပြန်​ကြည့်​မိသည်

ဟူးးး ပတ်​ချန်း​ယောလ်​ ဖိုက်​တင်း!!!![Fighting]

တွေ့မှာပါ သူနဲ့​တွေ့ကို​တွေ့မှာ ဒါ​ကြောင့်​ မင်း သွားရမယ်

မင်းရဲ့အချစ်​အတွက်
သူ့ကို အရမ်းလွမ်း​နေတဲ့ မင်းရဲ့နှလုံးသားအတွက်​ ပတ်​ချန်း​ယောလ်​ မင်း ကြိုးစားရမယ်​ !!!

ကား​သော့ကိုဆွဲပြီး သူတို့ရဲ့ အထက်​တန်း​ကျောင်းရှိရာကို ဦးတည်​လာခဲ့တယ်

ဘတ်​ခ်​ဟျွန်း မင်း လာမယ်​မလားဟင်

•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•

ဗယ်​လ်​လင်​တိုင်းမ်​ [Valentine Day] . . .ဘုန်း​တော်​ကြီး ဗယ်လ်​လင်​တိုင်းမ်​ ကို အမှတ်​ရ​သောအားဖြင့်​ ကျင်းပကြတဲ့ အချစ်​​နေ့ တစ်​နည်းအားဖြင့်​ ချစ်​သူများ​နေ့

လမ်းမတစ်​​လျှောက်​ ပတ်​၀န်းကျင်​တစ်​​လျှောက်​လုံး ကြည်​နူးစရာ​တွေပဲထုံမွှမ်း​နေသလားလို့ပင်​ထင်​ရသည်
ပါကင်​လှလှနဲ့ထုတ်​ထားတဲ့ ​ချောကလက်​ဘူး​လေး​တွေ ပန်း​တွေ အရုပ်​​တွေက လူအ​တော်​များများ အထူးသဖြင့်​ စုံတွဲ​လေး​တွေရဲ့လက်​တွင်းမှာ ​တွေ့​နေရသည်

ချောကလက်​ ကို ဘာ​ကြောင့်​​ပေးကြသလဲ​တော့ သူ မသိ

နှလုံးကိုအ​ထောက်​အကူပြုလို့ ​ချောကလက်​ကို ​ပေးကြတာလား

ထားပါ​တော့

လော​လောဆယ်​​တော့ ​ကျောင်းနဲ့နီးလာ​လေ​လေ ကိုယ့်​ကိုယ်​ပိုင်​နှလုံးသားက ထိန်းချုပ်​ရခက်​လာ​လေ
သူ လာပါ့မလား

ယုတ္တိမရှိ အိပ်​မက်​လိုလိုကြုံ​တွေ့ခဲ့ရတဲ့အရာက သူ့ဆီမှာလည်း တကယ်​သွားဖြစ်​ဖို့က မ​သေချာ

သူက သိတယ်​ပဲထားပါဦး ကိုယ့်​ကို စိတ်​နာပြီး မလာပဲ​နေခဲ့ရင်​​ကော . . .

အ​တွေး​တွေထဲရွက်​လွှင့်​ရင်း ကား​လေးက ​ကျောင်းဝင်းထဲတဖြည်းဖြည်းနဲ့ လှိမ့်​ဝင်​လာသည်

Cosmic WishWhere stories live. Discover now