2/3

323 43 13
                                    

အလုပ်တခုဟာ ထိုမျှ အားတက်သရော လုပ်ရလောက်အောင် စိတ်ဝင်စားစရာကောင်းသလားဟု သူအံ့သြမိသည်။ သူ့ဘ၀မှာတော့ သိတတ်စထဲက ဘာမှ အားတက်သရောလုပ်ရလောက်သည်ထိ မရှိခဲ့ ... ။

မှန်သားပြင်မှတဆင့်ဖြတ်မြင်နေရသော မုန့်ဖုတ်ခန်းထဲမှ တကုတ်ကုတ်အလုပ်ရှုပ်နေသော ကောင်လေးကို ခိုးခိုးကြည့်လိုက် ... ချောကလက်နံ့သင်းသော ကော်ဖီနွေးကို တကြိုက်ကြိုက်လိုက်နှင့် Lee Hyukjae တယောက် အလုပ်တွေ များနေသည်။ 

သူအမျိုးအမည် မတတ်နိုင်သော အဆင့်ဆင့်သော လုပ်ငန်းဆောင်တာတွေကို စိတ်ပါဝင်စားစွာ လုပ်နေသော ထိုကောင်လေးက နှုတ်ခမ်းလေးများ ကွေးညွတ်နေအောင် ပြုံးလျက် ... ။ လက်သည်းညီညီခပ်ရဲရဲလေးတွေနှင့် လက်ချောင်းလေးတွေက အဆက်မပြတ်လှုပ်ရှားနေသည်။ 

တံခါးဖွင့်သံကြောင့် သူ ခိုးငေးနေရာမှ မော့ကြည့်လိုက်တော့ မနေ့က ကောင်တာမှ အမှာလက်ခံသည့် အန်တီကြီး။ သူ့ကို မြင်တော့ အတော်အံ့သြသွားဟန်ရှိပေမဲ့ ပြုံးပြ နှုတ်ဆက်ရှာသည်။ ကောင်လေးကလဲ မုန့်လုပ်နေတာကို လက်စသတ်ပီးထွက်လာသည်နှင့် အတော်ပင်။ အန်တီကြီးနှင့် လက်ဟန်ဘာသာစကားနှင့် သူတို့ နှစ်ဦးပြုံးပြုံးရယ်ရယ်ပြောနေရင်းမှ အန်တီကြီးက နားလည်သွားဟန်တူသည်။ သူ့ဘက်ကို လှည့်ပြုံးပြကာ ..  စောနေသေးတော့ ဘာမှမပြင်ဆင်ရသေးဘူး အဆင်ပြေရဲ့လားဟု လှမ်းမေးသည်။ ရပါတယ်လို့သာ သူ အပြုံးနှင့်ပြန်ဖြေဖြစ်သည်။ ထိုကောင်လေးကတော့ သူ့ကို ပြုံးငေးလျက်။

နောက် တချို့ဝန်ထမ်းကောင်လေး ကောင်မလေးတွေရောက်လာပီး အလျိုလျိုအလုပ်များနေကြသည်။ သူ့ကို ချထားပေးသော မိုခါတခွက်နှင့် cup cake လေး ကုန်လုကုန်ခင်၊ ဆိုင်တံခါးဝမှဆိုင်းဘုတ်လေးလဲ Open ဟု ပြောင်းချိတ်ပီးချိန်မှာ သူ့မျက်စိရှေ့ကို ကြွေပန်းကန်ဖြူဖြူလေးပေါ်တင်ထားသော သုံးမြှောင့် ချောကလက်ကိတ်လေးရောက်လာသည်။ 

- စားကြည့်ပါအုံး၊ ကျွန်တော် ပစ္စည်းအမျိုးအမည်အသစ်တွေနဲ့ ပထမဆုံးစမ်းလုပ်ထားတာပါ၊ ချောကလက်ကိတ်တွေမှာပုံမှန် စပျစ်သီးခြောက်ကို ထည့်လေ့မရှိဘူးလေ ... ကျွန်တော်က အဲဒါလေးလဲ စမ်းထည့်ထားတယ်။

You've reached the end of published parts.

⏰ Last updated: Jul 18, 2018 ⏰

Add this story to your Library to get notified about new parts!

ဆောင်းနှောင်း၊ ချောကလက်ကိတ် နှင့် ခပ်ချောချောကောင်ကလေးWhere stories live. Discover now