KaiSoo Part
Soo : omma ကျွန်တော် ကျောင်းသွားတော့မယ်နော်
Soo မနက်စာစားပြီးတော့ ကျောင်းသွားဖို့ ထွက်သွားလိုက်တယ် ဒီနေ့ Soo ကျောင်းသွားတာ နည်းနည်းနောက်ကျတယ်
အိမ်ဘေးက Arjima : Soo ဒီနေ့ နောက်ကျလိုက်တာ
အိမ်ရှေ့မှာ ပန်းပင်ရေလှောင်းနေတဲ့ အိမ်ဘေးက Arjima က အိမ်ရှေ့ကနေဖြတ်လျှောက်သွားတဲ့ Soo ကို မြင်လို့ နှုတ်ဆက်လိုက်တယ်
Soo : မနေ့ညက ကျွန်တော် စာကျက်တာနောက်ကျသွားလို့ ဒါကြောင့်အိပ်ရာထ နောက်ကျသွားတာ
Soo လျောက်သွားရင်း သူ့အတန်းဖော်သူငယ်ချင်းအိမ်ရှေ့ဖြတ်လျောက်စဉ်
Lay : Soo !
ခေါ်သံကြားလို့ Soo အသံလာရာဘက်လှည့်ကြည့်လိုက်တော့ သူ့အတန်းဖော်သူငယ်ချင်း Lay ဖြစ်လို့ ပြုံးပြကာ
Soo : Lay သွားပြီထင်နေတာ
Lay : Hyung နဲ စကားပြောနေလို့လေ Soo သွားပြီထင်နေတာ
Lay စကားကြောင့် Soo Lay မျက်နှာကိုလှည့်စေခဲ့တယ်
Soo : Kai Hyung Korea ကနေ ပြန်လာပြီလား
Lay : inn မနေ့ကပြန်လာတာ Soo hyung ကို သတိရနေတယ်မလား ? သတိရရင် ညနေလာလည်လေ
Lay စလာတာကြောင့် Soo မျက်နှာနီရဲလာတယ်
Soo က Lay ရဲ့အကိုဖြစ်တဲ့ Kai ကို တိတ်တခိုးကြိုက်နေတာ ကြာပြီSoo : မဟုတ်ပါဘူး ဟိုတစ်နေ့ Lay က Kai Hyung Korea သွားတယ် ပြောလို့မေးကြည့်တာ
Soo တိုးတိုးလေးပြန်ငြင်းနေတော့ Lay သူ့သူငယ်ချင်းရဲ့ ပုံစံကို ခေါင်းရမ်းလိုက်တယ်
Soo က Kai ကို ကြိုက်နေတာကြာပါပြီ ဒါပေမယ့် Kai ကိုမပြောရဲဘူး Soo က အရမ်းရှက်တတ်တယ်လေ ပြီးတော့ ကိုယ့်ပိုယ်ကို ယုံကြည်မှုမရှိဘူး