Part 6
Lay : hyung Soo ကို စိတ်ဆိုးအောင် ဘာလုပ်လိုက်လို့
Soo hyung နဲ့ မတွေ့ချင်ရတာလဲ ?Soo အိမ်ကနေပြန်လာတော့ Lay သူ့ hyung ကို ပြောနေတာ Kai ဘာမှပြန်မဖြေပဲ မျက်နှာ စူပုပ်ကာ အခန်းထဲဝင်သွားလိုက်တယ်
Kai အဲ့လိုလုပ်တော့ Lay ကိုစိတ်အလိုမကျဖြစ်စေတယ်
ဒါပေမယ့် Lay သူ့ hyung ကို ဘာမှဆက်မမေးတော့ပါ သူသိနေတယ်လေ Kai မပြောချင်ရင် ဘယ်လိုပဲမေးမေး ပြောမှာမဟုတ်ဘူးဆိုတာဒါကြောင့် Lay လည်း သူ့အခန်းကိုသာဝင်သွားလိုက်တယ်
Lay အခန်းထဲရောက်တော့ ကုတင်ပစ်လှဲ ပြီး ဟိုလိမ့်ဒီလိမ့်လုပ်နေရင်းနဲ့ အတွေးထဲ Kris ၀င်လာတယ်
Lay : ခုချိန်ဆို ဘာတွေလုပ်နေမှာလဲနော် ?
Lay တစ်ယောက်တည်းရေရွတ်ရင်း နံရံမှာချိတ်ထားတဲ့ နာရီကိုလှမ်းကြည့်လိုက်တယ်
Lay : ခဏနေမှပဲ ဖုန်းလိုက်တော့မယ်
Lay သူ့ကိုယ်သူပြောရင်း ရေချိုးခန်းထဲဝင်သွားလိုက်တယ်
#
#
#
#
#
Kris ရေးကူးပြီတော့ အိမ်ကို တန်းပြန်လာတယ် Kris အိမ်က သိပ်တော့မကြီးဘူး Kris အိမ်ထဲဝင်ပြီး လွယ်အိတ်ကို ဆိုဖာပေါ်ပစ်တင်ထားပြီး သူအိမ်မှာမရှိ ဘယ်သူဖုန်းခေါ်ထားလဲ လို့ စစ်ဖို့ ဖုန်းထားရာ ခုံနားသွားပြီး ခလုတ်နှိပ်လိုက်ပြီး Kris မီးဖိုချောင်ထဲသွားကာ ပို့ထားတဲ့ အသံ message တွေကို နားထောင်နေတယ် အများစုကတော့ သူတို့စီလာပါအုန်းလို့ ခေါ်နေတဲ့ ကောင်မလေးတွေပေါ့// Kris ငါ့ကိုဖုန်းပြန်ခေါ်ဖို့ စိတ်မကူးတော့ဘူးလား ? ဒီ summer အိမ်ပြန်လာခဲ့ မင်းပြန်မလာရင် င်မင်းစီလာခဲ့မယ် //
နောက်ဆုံး message ကြောင့် Kris လက်သီးကျစ်ကျစ်စုတ်ထားလိုက်ကာ