1.5K 105 5
                                    


မနက်ခင်းသည် သာယာသော သဘာဝ အလှများ ရှိလေ့ရှိသည်…
  သဘာဝအလှတရားအား ခံစားရသည်ကို ကြိုက်သူများရှိသည်…
  ထို့အပြင်  မနက်ခင်း လေ ကိုရှူရှိုက်ရသည်ကိုလည်း ကြိုက်သူများရှိသည်…

သို့သော် ထိုထဲတွင် ဂျွန်ကွတ် မပါဝင်…

နေ့ချင်း ညချင်းဝင်ရောက်လာသော ထယ်ယောင်း အကြောင်း သိချင်နေမိသည့် စိတ်ဖြင့် မအိပ်ခဲ့သော နေ့များလည်း များပြားလှသည်…

လက်ထပ်ထားတာ မှန်တယ်…ကြာပြီဆိုလား ဆိုတော့လည်း ၁ နှစ်လောက်တော့ရှိမည်ထင်သည်…

သို့သော် …
                 ထယ်ယောင်းမျက်နှာအား တကြိမ်တောင် မတွေ့ဘူးသေးပေ…။

မိဘမဲ့ ဂေဟာမှ ခေါ်လာကတည်းက စာရွက်ပြောင် တခုပေါ်တွင်လက်မှတ်ထိုးခိုင်းခဲ့သည်…ထိုလက်မှတ်အား မှင်ဆို ဘောပင်လို အချောင်းလေးဖြင့် ဆွဲခွာကာ လက်ထပ်စာချုပ်ပေါ်တွင် သူကပ်ခဲ့သည်…
   
ထိုကဲ့သို့ ဘောပင်လေးအား လည်း တကြိမ်တခါမျှ ဂျွန်ကွတ်မမြင်ဘူးပါ…။

စာရွက်အား အတင်းဆွဲလုတော့ အဝတ်စ ဖြင့် နှာခေါင်းပိတ်ကာ သတိမေ့စေခဲ့သည်…

 
     ……………………………………

အမြဲတမ်း ဦးထုတ်အမဲ အား ခပ်ငိုက်ငိုက်စောင်းကာ Mask ကလည်း အုပ်သေးသည်…

သူနဲ့မို့လို့လား အများနဲ့ကောပဲလားမသိ…သူကတော့ Mask နဲပဲ့အမြဲမြင်ဖူးနေကျဖြစ်သည်…

*သူမျက်နှာကို မြင်ရအောင် လုပ်ရမယ် ဂျွန်ကွတ်!*

ချောက်!

*သူပြန်လာပြီထင်တယ်*

"ထယ်ယောင်း ပြန်ရောက်ပြီလား?"

"အင်း ဂျွန်(ဂျွန်ကွတ်)"

အပေါ်တက်ခါနီး ထယ်ယောင်း အား ဂျွန်ကွတ် လက်မောင်းရင်းမှ ဖမ်းဆွဲလိုက်တော့…ခေါင်းအားစောင်းငဲ့ကာ ကြည့်လာသောသူ…

" ဟို…ထမင်းပြင်ထားတယ် ထယ်ယောင်း"

" ဒီနေ့မှ ထမင်းတွေပြင်လို့ပါလား…ငါ မင်းထက်ကြီးတယ်နော်"

"ဟုတ်လား မသိဘူးလေ"

" ဟျောင်း လို့ခေါ်သင့်တယ် မထင်ဘူးလား"

Unknown ® UnseenWhere stories live. Discover now