မိုးစက်တွေကခန့်မှန်းရခက်တယ်......
ငြင်သာသိမ်မွေ့စွာစတင်နိုင်ပေမဲ့ ပြင်းထန်စွာကျဆင်းဖို့အတွက်လဲ တဒင်္ဂအချိန်ပဲလိုအပ်သလို
အေးမြမှုကနေ အေးစက်ခြင်းကိုကူးပြောင်းဖို့ဆိုတာလဲ အချိန်အတိုင်းအတာတစ်ခုပဲလိုအပ်တယ်.....
မလာရင် မျှော်ရသလို အငြိုးကြီးစွာ ရွာသွန်းရင်လဲ အခက်တွေ့ရတာမျိုးမလားလေ...
မင်းရဲ့အချစ်ကလဲ ကိုယ့်အတွက်တော့ မိုးစက်လိုပဲ....
လိုချင်တဲ့ကြင်နာခြင်းအစား ရက်စက်တဲ့ အမုန်းတရားပဲပေးလိမ့်မလား,
မျှော်လင့်မိတဲ့ နွေးထွေးမှုထက် မင်းရဲ့ဥပက္ခာတရားပဲရလိမ့်မလား စိုးတထိတ်ထိတ်နေရတဲ့ဘဝမှာ
မင်းအချစ်ကိုမှ တောင့်တမိတဲ့ကိုယ်ဟာ မိုက်ရူးရဲဆန်တယ်ပဲဆိုမလား.....
ဘာပဲဖြစ်ဖြစ် ချစ်သူရေ... ဒီကမ္ဘာမှာ ငါဆိုတဲ့ ပင်ပျိုငယ်ဟာ မင်းဆိုတဲ့ မိုးရေစက်နဲ့ထိတွေ့မှ အသက်ရှင်သန်နိုင်မှာပါ...
မင်းရက်စက်လို့ ငါဟာ ရေမွန်းတဲ့ပင်ပျိုငယ်လို နောက်ဆုံးမှာလောကကြီးကပျောက်ကွယ်သွားရမယ်ဆိုရင်တောင် ချစ်ရတဲ့သူရေ ငါမင်းကို အပြစ်မတင်ပါဘူး....
ခုလို မိုးစက်ကိုမျှော်နေရတဲ့, မိုးစက်ရဲ့အသိအမှတ်မပြုတဲ့ ကန္တာရသောင်ပြင်ဘဝကို မင်းနဲ့ နီးစပ်ရမဲ့ တခဏတာနဲ့ ကိုယ်ဟာ နောင်တမရှိ လဲလှယ်ရဲတယ် ချစ်ရတဲ့သူ.....
အနည်းဆုံးတော့ငါဟာ မင်းရဲ့ ထိတွေ့မှုကို ရှင်သန်ချိန်ခဏတာလေးမှာတော့ ခံစားခွင့်ရချင်သေးတာကိုး...
ကိုယ်ဆုတောင်းနေပါတယ်...
မင်းဟာ ကိုယ့်အတွက်လာခြင်းကောင်းတဲ့မိုးရေစက်တွေဖြစ်လာဖို့ကို.....
ကိုယ်ကြိုးစားနေပါ့မယ်....
ကိုယ်ဟာလဲ မင်းယုယထိုက်တဲ့ ပင်ပျိုငယ်ဖြစ်လာဖို့ရယ်ပေါ့............
YOU ARE READING
တိမ်တွေရယ် မိုးစက်ရယ် မင်းရယ်
Randomခေါင်းထဲပေါ်လာတဲ့အတွေးစာစုတွေပါ... စာလဲမရေးဖူးပါဘူး... အရေးအသားမကောင်းတာကိုခွင့်လွှတ်နော....