ချစ်သူ သိစေဖို့

46 7 0
                                    

ငါတို့ရဲ့ကြားမှာ စကားလုံးမလိုတဲ့ သံယောဇဉ်တွေရှိတယ်..

အဖိုးမဖြတ်နိုင်တဲ့ မြတ်နိုးမှုတွေနဲ့ အကြွင်းမဲ့ယုံကြည်ခြင်းတွေလဲရှိတယ်..

တစ်ချို့တွေက ငါတို့ကို သနားကြတယ်, ခြားနားထားတဲ့စည်း ပုံသေကျနေတဲ့ လူ့ကျင့်ဝတ် နဲ့ အဓိပ္ပါယ်မဲ့တဲ့ ဂုဏ်ပကာသနတွေကြောင့် နီးရက်နဲ့ ဝေးနေရလို့တဲ့...

ကျေးဇူးလဲတင်ပေမဲ့ ငါ့အတွက်ကတော့ မင်းတစ်ယောက်ပဲ ငါ့ဖက်မှာရှိနေဖို့လိုတာ သူတို့တွေ သိစေချင်တယ်..

ငါ့တို့ရဲ့ ချစ်ခြင်း ကမ္ဘာသိအောင် ကြေညာပြီးသားပဲ... မင်းဆိုတဲ့ ငါရဲ့ တစ်ခုတည်းသောကမ္ဘာလေး...

အချစ်ကို ကြွားဝါလိုတာနဲ့ မင်းကို စိတ်ညစ်အောင် မင်းကို နစ်မွန်းအောင် "နှစ်"ရာ ကြမယ်ဆိုရင် မင်းအပေါ်ထားတဲ့ ငါ့ရဲ့ မေတ္တာ မစစ်ရာကြသွားမှာပေါ့ ချစ်သူ..

တမင်ထုတ်ဖော်မပြလဲ ငါ့ရဲ့ ကြင်နာခြင်းတွေက လူတကာအလယ် မြင်သာနေတာတော့ ကိုယ်ထိန်းချုပ်လို့မရတော့ခက်တာပဲ ချစ်သူ။

အသက်ထက်ချစ်ပြီး မြတ်နိုးရပါတဲ့ချစ်သူရေ , မလိုမုန်းထားပြောကြတာတွေ ပျက်စီးလိုစိတ်နဲ့တိုက်ခိုက်ကြတာတွေကို အလေးမထားပဲ အခက်အခဲတွေကို မင်းဘေးမှာ မင်းနဲ့အတူ မားမားမတ်မတ်ရပ်တည်နေမဲ့ ကိုယ့်ရဲ့လက်ကိုသာ ယုံယုံကြည်ကြည်တွဲထားပေးပါ။

အနာဂတ်ဟာရွှေရောင်တွေပဲလွှမ်းနေမယ်လို့ အာမမခံနိုင်ပေမဲ့ အမှောင်အတိနဲ့ ခက်ခဲကြမ်းတမ်းလဲ မင်းနားမှာရှိနေမှာတော့ ကိုယ့်ကျမ်းသစ္စာကျိန်ဆိုဝင့်တယ် ချစ်သူ။

မင်းဟာ ငါ့ရဲ့ ကမ္ဘာ

မင်းဟာ ငါ့ရဲ့ ကောင်းကင်

မင်းဟာ ငါ့ရဲ့ အလင်းရောင်

မင်းဟာ ငါ့ရဲ့ အောက်စီဂျင်

မင်းသာ ငါ့ရဲ့ ရပ်တည်ရာမို့ ဘာမဆို အတူတူ ရင်ဆိုင်ရအောင် ချစ်ရတဲ့သူရေ။

🎉 You've finished reading တိမ်တွေရယ် မိုးစက်ရယ် မင်းရယ် 🎉
တိမ်တွေရယ် မိုးစက်ရယ် မင်းရယ်Where stories live. Discover now