တူညီသော ရလဒ်ကို ဆွဲကိုင်ရင်း အိမ်အပြန်လမ်းကို ခရီးနှင်ခဲ့သော လူနှစ်ဦးအတွက် ဆန့်ကျင်ဘက် စိတ်အခြေအနေဖြစ်ပေါ်နေသည်။
ကားကို ဖြည်းဖြည်းချင်းဂရုတစိုက် မောင်း
ရင်း အပြုံးကြီး ပြုံးနေသူတစ်ဦးနှင့်
အတူယှဉ်တွဲထိုင်နေသူကတော့ ကားမှန်ကို ထိုးဖောက်ပြီး အပြင်လောကကို စိတ်ပျက်လက်ပျက် ကြည့်နေသည်။============
"ဘယ်လိုအခြေအနေလဲ..?"
မျှော်လင့်ချက်အပြည့်နှင့် Mr kim တို့လင်မယားနှစ်ဦး မေးသည်။
"အောင်မြင်သွားပြီး appa!!"
Taeyeon ပီတိဖြစ်၍ ပြုံးကာပြောသည်။
"Oh!! THANK U JESUS "
Ms kim အော်မတက်ပြောကာ taeyeon ကိုပြေးဖက်သည်။
"နောက်ဆုံးတော့ omma တို့ ဘ၀ထဲ
ကလေးလေး ရောက်လာပြီပေါ့.."Ms Kim မျက်ရည်များဝဲလျက်ပြောသည်
ထိုမျက်ရည်ဟာ ၀မ်းနည်း၍ မဟုတ် ၊
ပျော်လွန်း၍ ဖြစ်သည်။ သူတို့မိသားစု ၏
မြေးဦးကို tiffany က ကိုယ်ဝန် လွယ်ထားရ၏..TAEYEON မှာ တစ်ဦးတည်းသော သမီးဖြစ်၍ kim မိသားစုမှာ
ကလေးနှင့်ပတ်သတ်၍ ရူးသွပ်ကြသည်..Tiffany သူတို့မိသားစုပျော်နေသည်ကိုမြင်သော်လည်း သူမထို ပွဲတွင် မပါဝင်ပါ။ မှန်၏ ။ tiffany ထိုကလေးကိုမလိုချင်ခဲ့ပါ။ ထိုအချင်းအရာအတွက် အကြောင်းပြချက်ကောင်းကောင်းလည်း သူမတွင်ရှိသည်..
အထက်တန်းကျောင်းပြီးသည့်အချိန်မှစ၍ သူမ၏ အိမ်ထောင်သည်ဘ၀ကို စတင်ခဲ့ရသည်။ သူမလက်ထပ်သည့် သူမ၏
ခင်ပွန်းသည်မှာလည်း tiffany ထက် 10 နှစ်ကျော်အသက်ကြီးသည့် အမျိုးသမီးတစ်ဦး kim taryeon ဖြစ်၏။နောက်ဆုံးtiffany ဘွဲ့ရပြီးနောက် သူမ ၀ါသနာပါသည့် ကို လုပ်လိုသော်လည်း
ယခု သူမ၏ ရည်မှန်းချက် ကို ပိတ်ပင်မည့်အကြောင်းအရင်း ဖြစ်ပေါ်လာပြန်သည်။
ဆယ်ကျော်သက်အရွယ်ကတည်းက အိမ်ထောင်သည်ဘ၀ ရောက်လာသော်လည်း
ယခုနောက်ဆုံး ကလေးတစ်ယောက်၏ မိခင်ဘ၀ကို ငယ်ငယ်ရွယ်ရွယ်နှင့် ရောက်မည့်အကြောင်းတွေးတိုင်း tiffany သွေးများပြောင်းပြန်စီးကာ ဒေါသမီးများတောက်လောင်နေသည်။