"တိမ်တိုက်လေးက..ပန်းကလေးကို
ထားခဲ့ပြီး..သူ့အဖော်အသစ်ဖြစ်တဲ့
လေပွေလေးနောက်ကိုလိုက်သွားတယ်!!
အဲ့အခါ..ပန်းကလေးက သူ့ကိုအရိပ်ကွယ်
ပေးတဲ့ တိမ်လေးမရှိလို့ငိုတယ်တဲ့..
အဲ့ဒါနဲ့ နေမင်းကြီးက ဘာလို့ငိုတာလဲလို့မေးတယ်!! အဲ့အခါပန်းပွင့်လေးက
သူ့ကို ကာကွယ်ပေးတဲ့ သူ့သူငယ်ချင်း
တိမ်တိုက်လေးမရှိတော့လို့ပြန်ဖြေတယ်!!
အဲ့အခါ နေမင်းကြီးက သဘာဝတရားဆိုတာ တွေ့ဆုံခြင်းရဲ့နောက်မှာ ခွဲခွာခြင်းဆိုတာ အမြဲလိုက်ပါနေကြဘဲ ဆိုတဲ့အကြောင်းကို ပြောပြခဲ့တယ်!! အဲ့အခါမှ ပန်းပွင့်လေးက
အငိုတိတ်ပြီး သူ့ကိုအမြဲအလင်းရောင်
ပေးတဲ့ နေမင်းကြီးကို ပြုံးပြတော့တယ်တဲ့"Taeyeon ပုံပြင်စာအုပ်ကို ပိတ်ပြီး
စားပွဲပေါ်တွင် တင်လိုက်သည်။"အိပ်တော့..ကလေးလေး!!"
Seohyun လေးနှဖူးကိုအနမ်းပေးပြီး
Taeyeon သူ့သမီးကို ဖက်လိုက်ကာ
မျက်လုံးမှိတ်လိုက်သည်။သို့သော်
ခါတိုင်း ပုံပြင်နားထောင်ရင်း အိပ်ပျော်သွားတတ်သည့် seohyun က ယခုမှ
အဆုံးထိ နားထောင်ပြီး မအိပ်ဘဲ
မျက်နှာကျက်ကိုကြည့်နေ၏။"ဘာဖြစ်တာလဲ အသဲလေး?"
Taeyeon ကြင်ကြင်နာနာ မေး၏။
"ပန်းပွင့်လေးကို သနားလို့ daddy!!"
Seohyun လေးဝမ်းနည်းစွာပြောသည်။
"တိမ်တိုက်လေးသူ့ကိုထားသွားလို့လား"
Seohyun လေးနှုတ်ခမ်းဆူကာ
ခေါင်းငြိမ့်ပြသည်။ ပုံပြင်အတိုလေးကြောင့် ၀မ်းနည်းနေသော သူ့သမီးကို
ကြည့်ရင်း taeyeon သက်ပြင်းအရှည်ကြီးချမိသည်။
Seohyun ဟာ အရမ်းသနားတတ်တယ်၊
ဝမ်းနည်းလွယ်တယ်၊ အရမ်းချစ်တတ်ပြီး
အမုန်းတရားဆိုတာ သူ့စိတ်ထဲမှာ
လုံးဝ မသိုဝှက်ထားဘူး...
သာမှန်ကာတွန်းဇာတ်ကောင်လေး
ဇာတ်လမ်းထဲမှာ ဒုက္ခရောက်ရင်တောင်
မျက်ရည်လေးက ၀ဲတတ်သေး၏။