"daddy အဲ့တာကဘာကြီးလဲ?"
မျက်စိရှေ့မြင်သမျှအားလုံးကို စူးစမ်းစိတ်နှင့် မေးနေသော seohyun လေးဟာ
Taeyeon ရဲ့မျက်လုံးထဲမှာ သိပ်ကိုချစ်ဖို့ကောင်းနေသည်။"အဲ့တာက ဆန္ဒပြနေတာလို့ခေါ်တယ်!!"
seohyun လေးကျောင်းသွားသည့်လမ်း၌
ကားပိတ်နေ၍ taeyeon တို့ကားလည်း
ရှုပ်ထွေးလှသော ကားတန်းရှည်ကြီးကြား
တစ်စီးအပါအ၀င်ဖြစ်နေသည်။ seohyunလေးကို သူမပေါင်ပေါ်တွင် ထိုင်စေကာ
လူအုပ်ကြီးသို့လက်ညိုးထိုးပြ၏။"ဆန္ဒပြတယ်ဆိုတာဘာလဲ daddy?"
"ဆန္ဒပြတယ်ဆိုတာ သူတို့လိုအပ်တာ
ဒါမှမဟုတ် သူတို့ဖြစ်ချင်တာကို ထုတ်ပြောတဲ့သဘောပေါ့.."Hyunnie အရွယ်နှင့် မသိနိုင်သေးပေမဲ့taeyeon သူ့သမီးလေး၏ မေးခွန်း
ကို အဖြေမပေးဘဲ မနေပါ။ သူ့အတွက်
ဘယ်လောက်ခက်ခဲသည့်မေးခွန်းဖြစ်စေ၊
သူ့သမီးမေးခွန်းတိုင်းအတွက် အဖြေရှိသည်။"နားမလည်ဘူး..Daddy!!"
Seohyun လေး ကားမှန်နားကပ်သွားကာ ထိုလူစုကို ပိုမြင်ရအောင် အရှေ့တိုးကြည့်သည်။ taeyeon မှာတော့
Seohyun လေးခါးကို ကိုင်ထိန်းပေးကာ
သူ့သမီးလေးကို ဖက်ထား၏။"Hyunnie စားချင်တဲ့ဂျယ်လီတွေ၊ ချောကလတ်တွေ ၊ သကြားလုံးတွေကို
Daddy စီက တောင်းတာနဲ့အတူတူဘဲ
အသဲလေးရဲ့!!"seohyun လေးပါးကို အတင်းနမ်းတော့
တခစ်ခစ်နှင့် ရယ်ကာ taeyeon ကို အတင်းဖက်၏.."ခ်ခ်ခ်...ယားတယ်..daddy ရဲ့!! "
"အဲ့တာဆို daddy အပေါ်မှာငြိမ်ငြိမ်လေးထိုင်!! မဟုတ်ရင် ရုတ်တရက်ကားထွက်သွားလို့ daddy ကန်စွန်းဥလေး ပြုတ်ကျလိမ့်မယ်.."
Taeyeon~ seohyun လေးနှာခေါင်းကို
လက်ညိုးလေးနှင့်ထိကာ ပြော၏။"ဟုတ်ကဲ့!! Daddy ကိုချစ်တယ်.."
ရင်ခွင်ထဲတိုးဝင်လာကာ ၊ ချစ်စဖွယ်စကားလေးတွေပြောနေတဲ့ သူ့သမီးလေးကြောင့် taeyeon မပြုံးဘဲ မနေနိုင်ပါ။