Ep.2

346 30 3
                                    

ဒါနဲ့က​လေးတို့​ရေ....author fic ​တွေမှာ #..# က အ​တွေး ပါ​နော်
အခုဒီfic ထဲမှာ မြန်​မာလို​ပြောတာကို *..*
ရေးပြီး kr လို​ပြောတာကို ^..^ လို့​ရေးမယ်​​နော်​..
English ကို """....""" လို့​ရေးမယ်​​နော်
" .." က​တော့ မြန်​မာလူမျိုးကမြန်​မာလူမျိုးကို ,korean က korean ကို ​ပြောတာပါ.....။

Recall ,

" မင်းဘယ်​သူလဲ....arr..."

•••••••••

သူမ အတွက်​ ယခု မြင်​​နေရသည်​များက
ထူးခြား​နေဟန်​ရှိသည်​..
တစ်​ခါမှ မမြင်​ဖူး မ​တွေ့ဖူး​သော ​နေရာတစ်​ခုသို့ သူမ​ရောက်​ရှိလာသည်​..

ဒါအိပ်​မက်​လား.....
မဟုတ်​ရင်​ တကယ်​လား....
ဒါမှမဟုတ်​ သူမ ​သေ သွားခဲ့တာလား....

လက်​ရှိ သူမ ရဲ့အ​နေအထား က ပါ​ကေး ခင်းထား​သော ကြမ်းပြင်​ ကြီး ထက်​တွင်​ လှဲလျက်​....

မြင်​မ​ကောင်း​သော အ​နေအထားဖြစ်​၍ သူမ ငုပ်​တုပ်​က​လေး ထိုင်​​နေမိသည်​..

သူမဧ။်​ ​ရှေ့တွင်​ အဖြူ ​ရောင်​ အခန်းကျယ်​ကြီး
ရှိသည်​..

သူမ​ရောက်​ရှိ​နေ​တဲ့ ​နေရာ က ​အလင်း​ရောင်
သိပ်​မရှိ ..ငြိမ်​သက်​တိတ်​ဆိတ်​လျက်​။

# ဟိုလူကြီး​တွေ​ရော...ပါပါး​ရော...
ငါဘယ်​လိုလုပ်​ ဒီကို​ရောက်​​နေတာလဲ..#

သူမရုတ်​တရက်​ ​ကြောက်​လန့်​လာ ကာ
သူမ​ခေါင်းကို သာ အတွင်​တွင်​ ခါ​နေမိသည်​..

# အိပ်​မက်​က​နေ နိုး ထရ​အောင်​...မိုင်​ #

အိပ်​မက်​ဆိုရင်​​တောင်​ ဖြစ်​နိုင်​ဖွယ်​မရှိ။
သူမ ​​ကိုရိုက်​ပြီး ​ရေထဲ ပစ်​ချခဲ့သည်​ကို သူ
မှတ်မိသည်​..

အခု ဒီကမ္ဘာ ထဲတွင်​လည်း သူမ အ၀တ်​အစား​တွေ ​ရေ ရွှဲ​နေပြီး ဆံပင်​ များ ​ရေစို​နေသည်​..

သွေးစ အနည်းငယ်​ ကလည်း မ​ပျောက်​ ​သေးဘဲ ကျန်​ရှိ​နေ​သေးသည်​..

My ST🌟R World ( BTS Fanfic )Where stories live. Discover now