Ep.1

854 41 5
                                    


" နင့်​ရဲ့ poster ​တွေ အခုချက်​ချင်း ခွာမလား.....ငါဆွဲဖြဲရမလား....."

" hm....​..မလုပ်​ပါနဲ့...
ဒီတိုင်း နံရံမှာ သူ့ဟာသူ ​နေ ​နေတဲ့ ပုံ​တွေကို မား ကလည်း.....မလုပ်​ပါနဲ့..."

" ​အေး....အဲ့ဒါဆို နင်​ ရူး​နေတာ ကိုနင့်​ဘာသာ ​လျှော့မလား..ငါကိုယ်​တိုင်​ အခု ဖျက်​ ​ပေးရမလား...
တကတည်း......
နင့်​အ​ကောင်​​တွေက နင်​ရှိ​နေမှန်း​တောင်​ သိရဲ့လား....hmm...
ငါ​ပြောတာကြားလား......ဟဲ့..."

" သိတယ်​ ​မား....သူတို့သိတယ်​...
မသိရင်​​တောင်​ သူတို့က သမီးကို ​ပျော်​​အောင်​လုပ်​​ပေးနိုင်​တယ်​ ...
သူတို့ကဘဲ ဒီလို မိုင်​မှူးသွယ်​ ကို ဖြစ်​​စေတာ....
မား ဘာသိလို့လဲ...."

မိုင်​မှူးသွယ်​ ​ပြောရင်း မျက်​ရည်​ ၀ဲ လာသည်​..
သူမ အတွက်​ အရာရာ ​ဖြေရှင်းချက်​​ပေးခိုင်းသည့်​ မိ​ထွေးဆိုးရှိသည်​...
ဆူစရာမရှိ ဆူတတ်​သည့်​ မိ​ထွေးဆိုးရှိသည်​.

" ကဲဟာ......."

သူမဧ။်​ မိ​ထွေးဆိုသူက ထို postr များကို လုံး​ချေပစ်​ကာ သူမချစ်​လှစွာ​သော ​BTS အဖွဲ့ဧ။်​ အကျီင်္ ၊ ARMY Bomb , စာအုပ်​ , ဓာတ်​ပုံ စသဖြင့်​ သူမမြတ်​နိုးသည့်​ အရာများ ကို ဖျက်​ဆီးလိုက်​​သည်​..

" ပါး က ဘာလို့ အန်​တီကို ယူခဲ့လည်း အရမ်းသိချင်​တာဘဲ သိလား..ဒါ​တွေက ပါး ပိုက်​ဆံနဲ့ ၀ယ်​​ပေးထားတာ
အာ့ကို အန်​တီက လုပ်​ချင်​တိုင်းလုပ်​လို့ရမယ်​ထင်​​လား ...."

" ဖြန်း....."
ဆိုသည့်​ အသံနဲ့အတူ မိုင့်​ ပါးပြင်​တစ်​ဖက်​ ပူ​နွေးသွားသည်​....

" ​နောက်​ နင့်​အချိုး​တွေ မပြင်​ရင်​ ဒီအိမ်​​ပေါ်က ဆင်း...
ကြားလား.........."

" မကြားဘူး မကြားဘူး ....ပါး ဒီည အလုပ်​ကိစ္စနဲ့ ခရီးသွားလို့ အန်​တီ လွတ်​သွားတယ်​မှတ်​ပါ....
ပစ္စည်း​တွေကို ဖျက်​ဆီးလည်း ကိုယ့်​ဘာသာ ပြန်​၀ယ်​နိုင်​တယ်​ဆိုတာ အန်​တီ မှတ်​ထား.."

My ST🌟R World ( BTS Fanfic )Where stories live. Discover now